မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Sun, 01/14/2024 - 10:30 -- DotBorderdep

              မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ(၈)ရက်နေ့မှဇန်နဝါရီလ(၉)ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးမှုန့်တစ်တန်လျှင် (၉၀၇) ဒေါ်လာနှုန်းဖြင့်(၃၀၀) တန် ၊ တန်ဖိုး (၀.၂၇၂) ဒေါ်လာသန်းအားအကောက်ခွန်သက်သာခွင့်ဆိုင်ရာပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormD အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့် လည်းကောင်း၊ငါးကြိတ်သား တစ်တန်လျှင် (၁၈၃၅) ဒေါ်လာနှုန်းဖြင့်(၁၈) တန် ၊ တန်ဖိုး (၀.၀၃၃) ဒေါ်လာသန်းအားထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့လည်းကောင်းစုစုပေါင်း ပို့ကုန်တန်ဖိုး(၀.၃၀၅) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ်-ထားဝယ်-ရန်ကုန်လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ(၈)ရက်နေ့မှ ဇန်နဝါရီလ(၉)ရက်နေ့ အတွင်းသွင်းကုန်တင်သွင်းမှုဒီဇယ်ဆီ တစ်တန်လျှင် (၈၂၃) ဒေါ်လာနှုန်းဖြင့်(၁၄၇၀) တန် ၊ တန်ဖိုး (၁.၂၁၀) သန်း၊ ဓါတ်ဆီ တစ်တန်လျှင် (၈၈၁) ဒေါ်လာနှုန်းဖြင့်(၁၅၀) တန် ၊ တန်ဖိုး (၀.၁၃၂) သန်း၊စုစုပေါင်း သွင်းကုန်တန်ဖိုး (၁.၃၄၂) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၈၅၀) ကျပ်နှင့်ဒီဇယ်တစ်လီတာ (၂၈၆၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၈) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Border Trade News

Pages