မောင်တောကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နိုဝင်ဘာလ လျာထားချက်မှာ ပို့ကုန် (၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၅၃၀) ဒေါ်လာသန်းဖြစ်ပြီး အောက်တိုဘာလ (၁-၁၁-၂၀၂၃ မှ ၂၆-၁၁-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၀.၂၈၆)ဒေါ်လာသန်း၊ သွင်းကုန်(-) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၂၈၆) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၁၈.၆၉%) ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

              မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်း များ၊ ရေထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို အဓိကတင်ပို့လျက်ရှိပါတယ်။ နိုဝင်ဘာလ (၁-၁၁-၂၀၂၃မှ၂၆-၁၁-၂၀၂၃ထိ) တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ လယ်ယာထွက်ကုန်ပစ္စည်းမှာ ကွမ်းသီး (၃၈.၂၅) တန်၊ တန်ဖိုး(၀.၀၆၀)ဒေါ်လာသန်း၊ ဒညင်းသီး (၂၇) တန်၊ တန်ဖိုး (၀.၀၀၈)ဒေါ်လာသန်း၊ ချင်း (အစို) (၁၁၀) တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်း၊ သရက်သီး (၇) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊ ရေထွက်ပစ္စည်းမှာ ငါးမြစ်ချင်း (၁၀၁.၃၀)တန်၊ တန်ဖိုး (၀.၁၂၈)ဒေါ်လာသန်း၊ ငါးစုံလေးခြောက် (၄၅.၅) တန်၊ တန်ဖိုး (၀.၀၂၉) ဒေါ်လာသန်း၊ ငါးနီတူခြောက် (၄၆)တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း၊ ငါးခေါင်းပွ (၁.၅၄)တန်၊ တန်ဖိုး (၀.၀၀၂)ဒေါ်လာသန်း၊ စက်မှုကုန်ချောပစ္စည်းများမှာဆီးယိုထုပ်(၂၂)တန်၊ တန်ဖိုး (၀.၀၀၇)ဒေါ်လာသန်း၊ ထွန်းရွှေဝါလိမ်းဆေး (၉)တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ သနပ်ခါးခဲ (၁၃) တန်၊ တန်ဖိုး (၀.၀၀၇)ဒေါ်လာသန်းတင်ပို့ခဲ့ပါတယ်။ သွင်းကုန်အပိုင်းတွင် နိုဝင်ဘာလ (၁-၁၁-၂၀၂၃ မှ ၂၆-၁၁-၂၀၂၃) ထိ တင်သွင်းနိုင်ခဲ့ခြင်းမရှိခဲ့ပါ။

              မောင်တောကုန်သွယ်ရေးစခန်းမှ အများဆုံးတင်ပို့သည့် ပို့ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ ဒညင်းသီး(၁)တန်လျှင်(၃၀၀)ဒေါ်လာ၊ ချင်း(အစို) (၁)တန်လျှင် (၂၀၀)ဒေါ်လာ၊ ငါးမြစ်ချင်း (၁)တန်လျှင် (၁၂၆၆)ဒေါ်လာ၊ ငါးနီတူခြောက် (၁)တန် လျှင် (၃၁၅၀)ဒေါ်လာ၊ ငါးစုံလေးခြောက်(၁)တန်လျှင် (၆၃၀) ဒေါ်လာ၊ ဆီးယိုထုတ် (၁)တန်လျှင်  (၃၃၀)ဒေါ်လာ၊ ကွမ်းသီး (၁)တန်လျှင် (၁၀၀၀)ဒေါ်လာ၊ ထွန်းရွှေဝါ လိမ်းဆေး(၁)တန်လျှင် (၅၀၀)ဒေါ်လာ၊ သနပ်ခါးခဲ(၁)တန်လျှင် (၅၀၀)ဒေါ်လာ၊ သရက်သီး (၁)တန်လျှင် (၄၂၀)  ဒေါ်လာ၊ ငါးခေါင်းပွ (၁)တန်လျှင် (၁၃၀၆)ဒေါ်လာဈေးနှုန်းရှိပါတယ်။

              မောင်တောကုန်သွယ်ရေးစခန်းသို့ ကုန်ပစ္စည်းများဝင်ရောက်သည့် ကုန်သွယ်မှုလမ်းကြောင်း အနေဖြင့် စစ်တွေ-ဘူးသီးတောင်-မောင်တောလမ်းကြောင်းနှင့် စစ်တွေ-အငူမော်-မောင်တော လမ်းကြောင်း တို့ဖြစ်ပြီး ယခုအခါ စစ်တွေ- အငူမော် - မောင်တော လမ်းကြောင်းမှ ကုန်ပစ္စည်းများ  အဓိကဝင်ရောက်လျက်ရှိပြီး ကညင်ချောင်း စီးပွားရေးဇုန်မှတစ်ဆင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်သို့ တင်ပို့ လျက်ရှိပါသည်။

              စစ်တွေမှ မောင်တောသို့ အတက်ကုန်ကားခ တစ်ပိဿာ ကုန်ကျစရိတ်အနေဖြင့် ကုန်ကျစ် တစ်ပိဿာကျပ် (၇၀) ကျပ်၊ ကုန်ပွတစ်ပိဿာ ကျပ် (၁၁၀) ကျပ်ဈေးရှိပြီး၊ အဆင်းကုန်ကားခ ကုန်ကျစ် တစ်ပိဿာ ကျပ် (၅၀) ကျပ်နှင့် ကုန်ပွတစ်ပိဿာ ကျပ် (၈၀) ကျပ်ဈေးရှိကြောင်း သိရှိရပါတယ်။

   မောင်တောမြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ပေါ်ဆန်းမွေး (၁) အိတ် (၁၁၈၀၀၀) ကျပ်၊ ဧည့်မထ (၁) အိတ် (၇၅၀၀၀) ကျပ်၊ ကြက်သွန်နီ (၁) ပိဿာ (၄၅၀၀) ကျပ်၊ ကြက်သွန်ဖြူ (၁) ပိဿာ (၁၅၀၀၀) ကျပ်၊ ငရုတ်သီးခြောက် (၁) ပိဿာ (၁၈၀၀၀) ကျပ်၊ ကြက်ဥ (၃) လုံး (၉၀၀) ကျပ်၊ စားအုန်းဆီ (၁) ပိဿာ (၁၀၅၀၀) ကျပ်၊ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေခံ စားကုန်ဈေးနှုန်းများမှာဆန် (အဖြူ) (၁)ကီလို (၇၅.၀၀)တာကာ၊ ကြက်သွန်နီ (၁) ကီလို (၇၅.၀၀) တာကာ၊ အာလူး (၁) ကီလို (၄၅.၀၀) တာကာ၊ခရမ်းချဉ်သီး (၁) ကီလို (၁၅၀.၀၀)တာကာ ၊ကြက်သား (၁) ကီလို (၂၉၀.၀၀)တာကာ ၊ ကြက်ဥ (၁) ဒါဇင်(၁၅၅.၀၀)တာကာ ဈေးရှိကြောင်းသိရှိရပြီး (၂၇-၁၁-၂၀၂၃) ရက်နေ့ (၁၁:၀၀) အချိန် ပြင်ပငွေလဲနှုန်းမှာ (၁) ဒေါ်လာလျှင်(၂၆၆၀) ကျပ်၊ (၁၂၃) တာကာ၊ ၁၀၀ ကျပ်လျှင်(၄) တာကာ၊ (၁) တာကာလျှင် (၂၇.၆၅)ကျပ်ဖြစ်ပေါ်လျက်ရှိပါသည်။