မောင်တောကုန်သွယ်ရေးစခန်း၏၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁-၁၁-၂၀၂၃မှ၂၁-၁၁-၂၀၂၃ထိ) တင်ပို့/တင်သွင်းမှုအခြေအနေ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နိုဝင်ဘာလ လျာထားချက်မှာ ပို့ကုန် (၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန်(၀.၀၃၀)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၁.၅၃၀) ဒေါ်လာသန်းဖြစ်ပြီး အောက်တိုဘာလ (၁-၁၁-၂၀၂၃မှ၂၁-၁၁-၂၀၂၃ထိ)အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၀.၂၈၆)ဒေါ်လာသန်း၊ သွင်းကုန်(-) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၂၈၆) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၁၈.၆၉%)ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

            မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန် ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို အဓိကတင်ပို့လျက်ရှိပါ တယ်။ နိုဝင်ဘာလ(၁-၁၁-၂၀၂၃ မှ ၂၁-၁၁-၂၀၂၃ထိ)တင်ပို့ခဲ့သည့်ကုန်ပစ္စည်းများမှာ လယ်ယာ ထွက်ကုန်ပစ္စည်းမှာ ကွမ်းသီး(၃၈.၂၅)တန်၊ တန်ဖိုး(၀.၀၆၀)ဒေါ်လာသန်း၊ ဒညင်းသီး (၂၇) တန်၊ တန်ဖိုး(၀.၀၀၈)ဒေါ်လာသန်း၊ ချင်း(အစို) (၁၁၀) တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်း၊ သရက်သီး (၇) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊ ရေထွက်ပစ္စည်းမှာ ငါးမြစ်ချင်း (၁၀၁.၃၀)တန်၊ တန်ဖိုး (၀.၁၂၈)ဒေါ်လာသန်း၊ ငါးစုံလေးခြောက်(၄၅.၅)တန်၊ တန်ဖိုး(၀.၀၂၉) ဒေါ်လာသန်း၊ ငါးနီတူခြောက် (၄၆)တန်၊တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း၊ ငါးခေါင်းပွ (၁.၅၄)တန်၊ တန်ဖိုး (၀.၀၀၂)ဒေါ်လာသန်း၊ စက်မှုကုန်ချောပစ္စည်းများမှာ ဆီးယိုထုပ်(၂၂)တန်၊တန်ဖိုး (၀.၀၀၇)ဒေါ်လာသန်း၊ထွန်းရွှေဝါလိမ်း ဆေး(၉)တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ သနပ်ခါးခဲ(၁၃)တန်၊ တန်ဖိုး (၀.၀၀၇)ဒေါ်လာ သန်းတင်ပို့ခဲ့ပါတယ်။ သွင်းကုန်အပိုင်းတွင် နိုဝင်ဘာလ (၁-၁၁-၂၀၂၃ မှ ၂၁-၁၁-၂၀၂၃)ထိ တင်သွင်း နိုင်ခဲ့ခြင်းမရှိခဲ့ပါ။

            မောင်တောကုန်သွယ်ရေးစခန်းမှ အများဆုံးတင်ပို့သည့် ပို့ကုန်ပစ္စည်းများ၏ ဈေးနှုန်း များမှာဒညင်းသီး(၁)တန်လျှင်(၃၀၀)ဒေါ်လာ၊ချင်း(အစို)(၁)တန်လျှင် (၂၀၀)ဒေါ်လာ၊ ငါးမြစ်ချင်း (၁)တန်လျှင် (၁၂၆၆)ဒေါ်လာ၊ ငါးနီတူခြောက် (၁)တန်လျှင် (၃၁၅၀)ဒေါ်လာ၊ ငါးစုံလေးခြောက် (၁)တန်လျှင် (၆၃၀)ဒေါ်လာ၊ ဆီးယိုထုတ် (၁)တန်လျှင်  (၃၃၀)ဒေါ်လာ၊ ကွမ်းသီး (၁)တန်လျှင် (၁၀၀၀)ဒေါ်လာ၊ထွန်းရွှေဝါလိမ်းဆေး(၁)တန်လျှင်(၅၀၀)ဒေါ်လာ၊ သနပ်ခါးခဲ(၁)တန်လျှင်(၅၀၀)ဒေါ်လာ၊သရက်သီး(၁)တန်လျှင်(၄၂၀)ဒေါ်လာ၊ငါးခေါင်းပွ (၁)တန်လျှင် (၁၃၀၆)ဒေါ်လာဈေးနှုန်း ရှိပါတယ်။

            မောင်တောကုန်သွယ်ရေးစခန်းသို့ ကုန်ပစ္စည်းများ ဝင်ရောက်သည့် ကုန်သွယ်မှုလမ်း ကြောင်းအနေဖြင့်စစ်တွေ-ဘူးသီးတောင်-မောင်တောလမ်းကြောင်းနှင့် စစ်တွေ-အငူမော်-မောင်တော လမ်းကြောင်းတို့ဖြစ်ပြီး ယခုအခါ စစ်တွေ-အငူမော် - မောင်တောလမ်းကြောင်းမှ ကုန်ပစ္စည်း များအဓိကဝင်ရောက်လျက်ရှိပြီး ကညင်ချောင်း စီးပွားရေးဇုန်မှတစ်ဆင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ တက္ကနပ်သို့တင်ပို့လျက်ရှိပါသည်။

        စစ်တွေမှမောင်တောသို့ အတက်ကုန်ကားခ တစ်ပိဿာကုန်ကျစရိတ်အနေဖြင့်ကုန်ကျစ် တစ်ပိဿာကျပ် (၇၀) ကျပ်၊ ကုန်ပွတစ်ပိဿာ ကျပ် (၁၁၀) ကျပ်ဈေးရှိပြီး၊ အဆင်းကုန်ကားခ ကုန်ကျစ်တစ်ပိဿာကျပ် (၅၀) ကျပ်နှင့် ကုန်ပွတစ်ပိဿာ ကျပ် (၈၀) ကျပ်ဈေးရှိကြောင်း သိရှိရ ပါတယ်

မောင်တောမြို့အတွင်းအခြေခံစားကုန်ဈေးနှုန်းနှင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကုန်ဈေးနှုန်း၊ ငွေလဲနှုန်း

၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ၂၂ရက်နေ့

          မောင်တောမြို့တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများမှာ ပေါ်ဆန်းမွေး(၁)အိတ် (၁၁၈၀၀၀) ကျပ်၊ ဧည့်မထ (၁) အိတ် (၇၅၀၀၀) ကျပ်၊ ကြက်သွန်နီ (၁) ပိဿာ (၄၅၀၀) ကျပ်၊ ကြက်သွန်ဖြူ (၁) ပိဿာ (၁၅၀၀၀) ကျပ်၊ ငရုတ်သီးခြောက် (၁) ပိဿာ (၁၈၀၀၀) ကျပ်၊ ကြက်ဥ (၃)လုံး(၉၀၀)ကျပ်၊စားအုန်းဆီ(၁) ပိဿာ (၁၀၅၀၀) ကျပ်၊ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေခံ စားကုန်ဈေးနှုန်းများမှာဆန်(အဖြူ) (၁)ကီလို (၇၅.၀၀)တာကာ၊ကြက်သွန်နီ (၁) ကီလို (၇၅.၀၀) တာကာ၊အာလူး (၁) ကီလို (၄၅.၀၀) တာကာ၊ ခရမ်းချဉ်သီး (၁) ကီလို (၁၅၀.၀၀)တာကာ ၊ ကြက်သား (၁) ကီလို (၂၉၀.၀၀)တာကာ ၊ကြက်ဥ (၁) ဒါဇင်(၁၅၅.၀၀)တာကာဈေးရှိကြောင်းသိ ရှိရပြီး (၂၂-၁၁-၂၀၂၃)ရက်နေ့ (၁၁:၀၀)အချိန်ပြင်ပငွေလဲနှုန်းမှာ (၁)ဒေါ်လာလျှင် (၂၆၆၀) ကျပ်၊ (၁၂၃) တာကာ၊ ၁၀၀ ကျပ်လျှင်(၄) တာကာ၊ (၁) တာကာလျှင် (၂၇.၇၀)ကျပ်ဖြစ်ပေါ်လျက်ရှိပါ သည်။