မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
ြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါ သည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၀-၁၀-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၇၉၈၈၁၉.၇၆၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၆၃.၇၄၁)သန်း၊ နယ်စပ်မှ (၁၃၃၇၅၈.၀၉၈) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၄.၆၈၇) သန်း၊ စုစုပေါင်း (၉၃၂၅၇၇.၈၆၅) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၇၇၈.၄၂၈)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၀-၁၀-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၂၀-၁၀-၂၀၂၃) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၃၈၄.၃၉၅ | ၁.၈၂၆ | ၃၈၆.၂၂၁ | |
ကီလို | ၄၃၀၄၀၄.၆၃၁ | ၁၇၂၇.၃၂၅ | ၄၃၂၁၃၁.၉၅၆ | |||
၂ | ပဲတီစိမ်း | US$ | ၁၃၀.၁၃၆ | ၃၈.၄၀၆ | ၁၆၈.၅၄၂ | |
ကီလို | ၁၉၃၇၃၂.၅၀၅ | ၅၆၄၃၆.၉၀၆ | ၂၅၀၁၆၉.၄၁၁ | |||
၃ | ပဲစဉ်းငုံ | US$ | ၉၇.၃၁၈ | ၀.၀၀၀ | ၉၇.၃၁၈ | |
ကီလို | ၁၀၉၈၅၉.၅၆၈ | ၀.၀၀၀ | ၁၀၉၈၅၉.၅၆၈ | |||
၄ | ကုလားပဲ | US$ | ၁.၉၆၄ | ၀.၀၀၀ | ၁.၉၆၄ | |
ကီလို | ၁၉၈၈.၂၀၈ | ၀.၀၀၀ | ၁၉၈၈.၂၀၈ | |||
၅ | ပဲလွန်းဖြူ | US$ | ၁၄.၆၄၇ | ၃.၁၅၄ | ၁၇.၈၀၁ | |
ကီလို | ၂၂၇၈၂.၅၇၄ | ၅၁၅၁.၉၁၈ | ၂၇၉၃၄.၄၉၂ | |||
၆ | မြေထောက်ပဲ | US$ | ၈.၅၀၅ | ၁၇.၂၉၇ | ၂၅.၈၀၂ | |
ကီလို | ၈၄၂၂.၇၁၃ | ၁၁၉၇၂.၁၄၇ | ၂၀၃၉၄.၈၆၀ | |||
၇ | ထောပတ်ပဲ | US$ | ၁၂.၀၉၀ | ၆.၆၇၇ | ၁၈.၇၆၇ | |
ကီလို | ၁၂၂၂၇.၇၃၄ | ၆၁၆၁.၅၈၁ | ၁၈၃၈၉.၃၁၅ | |||
၈ | ပဲယင်း | US$ | ၉.၃၁၅ | ၂၃.၈၁၈ | ၃၃.၁၃၃ | |
ကီလို | ၁၂၈၇၃.၇၆၄ | ၂၉၂၆၁.၁၁၅ | ၄၂၁၃၄.၈၇၉ | |||
၉ | ပဲကြီး | US$ | ၂.၄၇၂ | ၁.၀၆၃ | ၃.၅၃၅ | |
ကီလို | ၂၄၁၃.၁၉၅ | ၁၀၆၀.၅၀၀ | ၃၄၇၃.၆၉၅ | |||
၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၉၈၄ | ၀.၉၈၄ | ||
ကီလို | ၁၅၃၃.၀၂၀ | ၁၅၃၃.၀၂၀ | ||||
၁၁ | စွန်တာပြာ | US$ | ၀.၄၇၁ | ၀.၀၀၀ | ၀.၄၇၁ | |
ကီလို | ၇၁၈.၆၈၀ | ၀.၀၀၀ | ၇၁၈.၆၈၀ | |||
၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၃.၁၁၅ | ၃.၁၁၅ | ||
ကီလို | ၅၁၉၄.၀၃၄ | ၅၁၉၄.၀၃၄ | ||||
၁၃ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
၁၄ | ဘိုကိတ်ပဲ | US$ | ၁.၀၃၅ | ၀.၀၀၀ | ၁.၀၃၅ | |
ကီလို | ၁၅၉၂.၇၅၅ | ၀.၀၀၀ | ၁၅၉၂.၇၅၅ | |||
၁၅ | ပဲပုတ်စေ့ | US$ | ၀.၀၀၈ | ၀.၀၀၀ | ၀.၀၀၈ | |
ကီလို | ၈.၇၃၀ | ၀.၀၀၀ | ၈.၇၃၀ | |||
၁၆ | ပဲနီကြား | US$ | ၁.၇၃၇ | ၁.၇၃၇ | ||
ကီလို | ၃၄၀၃.၀၁၄ | ၃၄၀၃.၀၁၄ | ||||
၁၇ | နိုင်လွန်ပဲ | US$ | ၁.၀၉၅ | ၁.၀၉၅ | ||
ကီလို | ၁၅၆၂.၅၀၀ | ၁၅၆၂.၅၀၀ | ||||
၁၈ | မြေပဲဆံ | US$ | ၀.၃၉၀ | ၁၅.၄၂၃ | ၁၅.၈၁၃ | |
ကီလို | ၂၅၅.၀၀၀ | ၁၀၀၃၈.၉၅၈ | ၁၀၂၉၃.၉၅၈ | |||
၁၉ | အခြားပဲ | US$ | ၀.၀၁၁ | ၁.၀၇၆ | ၁.၀၈၇ | |
ကီလို | ၆.၆၉၀ | ၁၇၈၈.၁၀၀ | ၁၇၉၄.၇၉၀ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၆၆၃.၇၄၁ | ၁၁၄.၆၈၇ | ၇၇၈.၄၂၈ | ||
ကီလို | ၇၉၈၈၁၉.၇၆၇ | ၁၃၃၇၅၈.၀၉၈ | ၉၃၂၅၇၇.၈၆၅ | |||
Source: Customs |