အာဆီယံဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာသင်တန်းဖွင့်လှစ်မှုအခြေအနေ (သတင်းအပြည့်အစုံ)

Fri, 10/13/2023 - 07:18 -- DotTrading

အာဆီယံဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာသင်တန်းဖွင့်လှစ်မှုအခြေအနေ

(သတင်းအပြည့်အစုံ)

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါစီမံချက်အရ အာဆီယံဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာသင်တန်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့မှ (၁၃) ရက်နေ့ထိ (ကြာသပတေး၊ သောကြာ) နေ့များတွင် နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ  ဖွင့်လှစ်ခဲ့ပါသည်။

၃။      အဆိုပါသင်တန်းကို ကုန်သွယ်ရေးဦးစီးဌာန၊ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ မှ ညွှန်ကြားရေးမှူး ဒေါ်ဝင်းမင်းဖြိုးမှ အာဆီယံဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာကို သိရှိနိုင်စေရန် ရည်ရွယ်၍ သင်ခန်းစာများ ပို့ချပေးခဲ့ပြီး အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၂၆) ဦးတို့ တက်ရောက်ခဲ့ပါသည်။