မောတောင်ကုန်သွယ်ရေးစခန်း၏ ပိုကုန်/သွင်းကုန် ကုန်သွယ်နိုင်မှုအခြေအနေ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့

                  မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ( ၄ ) ရက်နေ့မှ(၅) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၆၄၂) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၁၈၄) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၈၂၆) ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

                  မောတောင်ကုန်သွယ်ရေးစခန်းမှ စက်တင်ဘာလ ( ၄ ) ရက်နေ့မှ ( ၅ ) ရက်နေ့အထိ အဓိက တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၇၃.၈၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၉၇၇)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၂.၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၁)သန်း၊ ဂျင်းခရု (အရှင်) (၅.၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၈၆)သန်း၊ ဂုံး (အရှင်) (၁.၆)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၅)သန်း၊ ဂဏန်း(အသေ) (၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၄၇)သန်း၊ ရေခူဆားနယ်  (၉.၉)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၈၇)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၂) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၄)သန်း၊ ပုစွန်ခြောက် (၂)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၉) သန်း၊ ငှက်ပျောသီး (၄၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၅)သန်း၊ ငရုတ်သီးစိမ်း (၀.၇၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၆)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၃)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၉)သန်း၊ ကြွေပြား (၀.၈)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၇)သန်း၊ ပုစွန်သားပေါက် အကောင်ရေ (၄.၂)သန်း၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၄၈)သန်း၊ ဖြစ်ပါသည်။

        မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏(၁) တန် ဈေးနှုန်းမှာ- ငါးမျိုးစုံ(၁၃၂၂.၂၄) ဒေါ်လာနှုန်း၊ (၇၃.၈၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၉၇၇) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၇၉၃.၁၀) ဒေါ်လာနှုန်း၊ (၂.၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၁) သန်း၊ ဂျင်းခရု (အရှင်) (၁၅၀၈.၇၇) ဒေါ်လာနှုန်း၊ (၅.၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၈၆) သန်း၊ ဂုံး (အရှင်) (၂၁၈၇.၅) ဒေါ်လာနှုန်း၊ (၁.၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၅) သန်း၊ ဂဏန်း (အသေ) (၁၁၇၅) ဒေါ်လာနှုန်း၊ (၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၄၇) သန်း၊ ရေခူဆားနယ် (၁၈၈၈.၈၉) ဒေါ်လာနှုန်း၊ (၉.၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၈၇) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၀၀၀၀) ဒေါ်လာနှုန်း၊ (၀.၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၄) သန်း၊ ပုစွန်ခြောက် (၉၅၀) ဒေါ်လာနှုန်း၊ (၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၉) သန်း၊ ငှက်ပျောသီး (၃၀၀) ဒေါ်လာနှုန်း၊ (၄၅) တန်၊ ကန်ဒေါ်လာ (၀.၀၁၃၅) ဒေါ်လာသန်း၊ ငရုတ်သီးစိမ်း (၈၀၀) ဒေါ်လာ နှုန်း၊(၀.၇၅) တန်၊ ကန်ဒေါ်လာ (၀.၀၀၀၆) ဒေါ်လာသန်းဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့်       သွင်းကုန်ပစ္စည်းများ၏(၁) တန် ဈေးနှုန်းမှာ - သစ်သီး (၃၀၀) ဒေါ်လာနှုန်း၊ (၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၉) သန်း၊ ကြွေပြား (၃၃၇၅) ဒေါ်လာနှုန်း၊ (၀.၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၇) သန်း၊ ပုစွန်သား ပေါက် အကောင်ရေ (၁)သန်းဈေးနှုန်းမှာ (၃၅၂၃.၈၁) ဒေါ်လာနှုန်း၊  အကောင်ရေ (၄.၂)သန်း၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၄၈) သန်း ဖြစ်ပါသည်။

        မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း၏ ကျပ်၊ ဘတ် ငွေလဲနှုန်း

        မောတောင်နယ်စပ်ဒေသ၌ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၄-၉-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေ ကျပ် (၁) သိန်းလျှင် ဘတ် (၉၇၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၁၀၃.၀၉) ကျပ် ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်ကျခဲ့ပါ ကြောင်း သုံးသပ် သိရှိရသည်။