မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါ သည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁၈-၈-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၅၃၀၄၉၈.၈၉၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၂၀.၅၅၆)သန်း၊ နယ်စပ်မှ (၁၀၅၆၉၃.၄၁၁) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၉၁.၃၅၂) သန်း၊ စုစုပေါင်း (၆၃၆၁၉၂.၃၀၈) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၅၁၁.၉၀၈)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁၈-၈-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁၈-၈-၂၀၂၃) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၁၉၃.၄၆၉ | ၁.၂၁၀ | ၁၉၄.၆၇၉ | |
ကီလို | ၂၂၇၀၆၇.၂၈၄ | ၁၁၆၀.၁၂၅ | ၂၂၈၂၂၇.၄၀၉ | |||
၂ | ပဲတီစိမ်း | US$ | ၁၀၈.၆၇၁ | ၃၃.၇၃၄ | ၁၄၂.၄၀၅ | |
ကီလို | ၁၆၂၁၃၀.၄၅၃ | ၅၀၀၃၅.၇၁၄ | ၂၁၂၁၆၆.၁၆၇ | |||
၃ | ပဲစဉ်းငုံ | US$ | ၇၃.၈၃၉ | ၀.၀၀၀ | ၇၃.၈၃၉ | |
ကီလို | ၈၅၂၅၂.၀၄၂ | ၀.၀၀၀ | ၈၅၂၅၂.၀၄၂ | |||
၄ | ကုလားပဲ | US$ | ၀.၅၄၁ | ၀.၀၀၀ | ၀.၅၄၁ | |
ကီလို | ၅၈၄.၈၂၅ | ၀.၀၀၀ | ၅၈၄.၈၂၅ | |||
၅ | ပဲလွန်းဖြူ | US$ | ၁၁.၁၀၈ | ၁.၄၉၃ | ၁၂.၆၀၁ | |
ကီလို | ၁၇၆၁၈.၈၆၇ | ၂၄၅၅.၁၁၉ | ၂၀၀၇၃.၉၈၆ | |||
၆ | မြေထောက်ပဲ | US$ | ၇.၆၇၁ | ၁၃.၄၃၅ | ၂၁.၁၀၆ | |
ကီလို | ၇၈၃၀.၀၈၀ | ၉၃၆၀.၀၀၈ | ၁၇၁၉၀.၀၈၈ | |||
၇ | ထောပတ်ပဲ | US$ | ၁၁.၈၀၇ | ၅.၈၉၄ | ၁၇.၇၀၁ | |
ကီလို | ၁၁၉၉၈.၂၅၄ | ၅၅၀၂.၂၉၇ | ၁၇၅၀၀.၅၅၁ | |||
၈ | ပဲယင်း | US$ | ၈.၉၆၂ | ၁၇.၁၅၈ | ၂၆.၁၂၀ | |
ကီလို | ၁၂၃၈၉.၈၉၄ | ၂၀၈၃၉.၁၈၈ | ၃၃၂၂၉.၀၈၂ | |||
၉ | ပဲကြီး | US$ | ၁.၉၆၆ | ၀.၇၂၂ | ၂.၆၈၈ | |
ကီလို | ၁၉၁၀.၄၄၂ | ၇၂၀.၅၀၀ | ၂၆၃၀.၉၄၂ | |||
၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၈၇၀ | ၀.၈၇၀ | ||
ကီလို | ၁၃၇၃.၀၂၀ | ၁၃၇၃.၀၂၀ | ||||
၁၁ | စွန်တာပြာ | US$ | ၀.၃၈၁ | ၀.၀၀၀ | ၀.၃၈၁ | |
ကီလို | ၅၉၁.၀၀၀ | ၀.၀၀၀ | ၅၉၁.၀၀၀ | |||
၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၁.၇၈၂ | ၁.၇၈၂ | ||
ကီလို | ၂၉၇၀.၅၀၀ | ၂၉၇၀.၅၀၀ | ||||
၁၃ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
၁၄ | ဘိုကိတ်ပဲ | US$ | ၁.၀၃၁ | ၀.၀၀၀ | ၁.၀၃၁ | |
ကီလို | ၁၅၈၇.၇၅၅ | ၀.၀၀၀ | ၁၅၈၇.၇၅၅ | |||
၁၅ | ပဲပုတ်စေ့ | US$ | ၀.၀၀၄ | ၀.၀၀၀ | ၀.၀၀၄ | |
ကီလို | ၄.၇၄၀ | ၀.၀၀၀ | ၄.၇၄၀ | |||
၁၆ | ပဲနီကြား | US$ | ၀.၇၅၃ | ၀.၇၅၃ | ||
ကီလို | ၁၄၈၃.၇၃၀ | ၁၄၈၃.၇၃၀ | ||||
၁၇ | နိုင်လွန်ပဲ | US$ | ၀.၉၂၈ | ၀.၉၂၈ | ||
ကီလို | ၁၃၀၇.၅၀၀ | ၁၃၀၇.၅၀၀ | ||||
၁၈ | မြေပဲဆံ | US$ | ၀.၂၃၀ | ၁၃.၆၂၁ | ၁၃.၈၅၁ | |
ကီလို | ၁၅၅.၀၀၀ | ၈၈၁၃.၃၃၀ | ၈၉၆၈.၃၃၀ | |||
၁၉ | အခြားပဲ | US$ | ၀.၀၀၆ | ၀.၆၂၂ | ၀.၆၂၈ | |
ကီလို | ၅.၂၄၁ | ၁၀၄၅.၄၀၀ | ၁၀၅၀.၆၄၁ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၄၂၀.၅၅၆ | ၉၁.၃၅၂ | ၅၁၁.၉၀၈ | ||
ကီလို | ၅၃၀၄၉၈.၈၉၇ | ၁၀၅၆၉၃.၄၁၁ | ၆၃၆၁၉၂.၃၀၈ | |||
Source: Customs |