မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

     မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့မှ ဩဂုတ်လ (၁၅) ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးကြိတ်သား တစ်တန်လျှင် (၁၈၂၀) ဒေါ်လာနှုန်းဖြင့် (၇.၂) တန် ၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်းအားငါးမှုန့် တစ်တန်လျှင် (၉၀၀) ဒေါ်လာနှုန်းဖြင့် (၁၁၁၀) တန် ၊ တန်ဖိုး (၁.၀၀၁) ဒေါ်လာ သန်း၊ခဲသတ္ထုတစ်တန်လျှင် (၁၄၆၉၀) ဒေါ်လာနှုန်းဖြင့် (၁၆.၈၀) တန် ၊ တန်ဖိုး (၀.၂၄၇) ဒေါ်လာသန်း၊ ရာဘာ တစ်တန်လျှင် (၁၂၀၀) ဒေါ်လာနှုန်းဖြင့် (၈၀၆.၄၀) တန် ၊ တန်ဖိုး (၀.၉၆၈)ဒေါ်လာ သန်း၊ စုစုပေါင်းပို့ကုန်တန်ဖိုး(၂.၂၃၀)ဒေါ်လာသန်း တင်ပို့ခဲ့ပါသည်။ ငါးကြိတ်သား၊ ငါးမှုန့်၊ ရာဘာ အားအကောက်ခွန် သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်း အထိကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှု လမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါ သည်။

         မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့မှ ဩဂုတ်လ (၁၅) ရက်နေ့ အတွင်း သွင်းကုန်တင်သွင်းမှုအနေဖြင့် ဒီဇယ်တစ်တန်လျှင် (၈၂၆) ဒေါ်လာနှုန်းဖြင့်တန်(၁၂၀၀)၊ တန်ဖိုး (၀.၉၉၄)ဒေါ်လာသန်း၊ ဓါတ်ဆီတစ်တန်လျှင် (၈၆၅)ဒေါ်လာနှုန်းဖြင့်တန် (၆၅၀)၊ တန်ဖိုး (၀.၅၇၈) ဒေါ်လာသန်း၊ စုစုပေါင်းသွင်းကုန်တန်ဖိုး (၁.၅၇၂) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၅၉၀)ကျပ်နှင့် ဒီဇယ်တစ်လီတာ(၂၅၆၈)ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိ ကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ(၁)ဘတ်လျှင်(၉၇.၂၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရ ပါသည်။