ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ် (၅) ရက်နေ့မှ ဩဂုတ်(၁၅) ရက်နေ့အထိ ကုန်သွယ်မှုသတင်း

      ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ် (၅) ရက်နေ့မှ ဩဂုတ်(၁၅) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန် (၁၆.၇၂၇) ဒေါ်လာသန်း၊ သွင်းကုန် (၃၂.၄၄၅) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၄၉.၁၇၂) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

        အများဆုံးတင်ပို့ခဲ့သည့်ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာရာဘာ(၇၅၄၅.၃၅)တန်၊ တန်ဖိုး (၉.၃၂၈) ဒေါ်လာသန်း၊ပဲယင်း (၂၃၃၈.၀၀)တန်၊ တန်ဖိုး (၁.၉၉၉)ဒေါ်လာသန်း၊ ပဲတီစိမ်း (၁၇၁၈.၂၅)တန်၊ တန်ဖိုး (၁.၃၉၁)ဒေါ်လာသန်း၊ မြေထောက်ပဲ (၉၃၅.၀၀)တန်၊ တန်ဖိုး (၁.၃၇၃)ဒေါ်လာသန်း၊ ရာဘာကြမ်း (၇၉၀.၄၀)တန်၊ တန်ဖိုး (၀.၇၀၉)ဒေါ်လာသန်း၊ပြောင်း (၁၅၀၃.၂၅)တန်၊ တန်ဖိုး (၀.၄၂၈)ဒေါ်လာသန်း၊ဆန်ကွဲ(၇၀၁.၅၀)တန်၊တန်ဖိုး (၀.၂၈၀)ဒေါ်လာသန်း၊ပဲလွန်းဖြူ (၃၂၇.၀၀) တန်၊ တန်ဖိုး(၀.၂၀၁)ဒေါ်လာသန်း၊ နှမ်းနက်(၁၀၁.၀၀)တန်၊ တန်ဖိုး (၀.၁၆၀)ဒေါ်လာသန်း၊ စွန်တာနီပဲ (၂၂၁.၀၀)တန်၊ တန်ဖိုး (၀.၁၃၃)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်

        အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေး ပစ္စည်းများ(၉.၂၂၆)ဒေါ်လာသန်း၊ဓာတ်မြေဩဇာ (၅.၀၆၄) ဒေါ်လာသန်း၊ ချည်ထည်များ (၂.၉၁၉) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၁.၀၆၁)ဒေါ်လာသန်း၊ ဇာနှင့်ဇာထိုးထားသောပစ္စည်းများ (၁.၀၁၆)ဒေါ်လာသန်း၊ လေအေးစက်များ (၀.၉၀၅) ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်း (လုပ်ငန်းသုံး) (၀.၅၉၉)ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၀.၅၅၃) ဒေါ်လာသန်း၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ (၀.၃၈၅) ဒေါ်လာသန်း၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်း များ (၀.၁၅၃)ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့သည်။

        ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ ယခုအပတ်တွင် အတက်ကုန် ကားခတစ်ပိဿာလျှင်(၈၀)ကျပ်ရှိကြောင်းသိရှိရသည်။ အဆင်းကုန် ကုန်ကျစ်ကားခ တစ်ပိဿာ လျှင်(၁၇၀)ကျပ်၊ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅) ကျပ် ရှိကြောင်း သိရသည်။ လယ်ယာထွက် ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ ဆန် (၄၅၇) ဒေါ်လာနှုန်း၊ ဆန်ကွဲ (၄၄၂) ဒေါ်လာနှုန်း၊ ပဲတီစိမ်း (၈၄၂) ဒေါ်လာနှုန်း၊ မြေထောက်ပဲ (၁၁၄၂) ဒေါ်လာနှုန်း၊ ပဲလွန်းဖြူ (၆၇၁) ဒေါ်လာ နှုန်း၊ ပြောင်း (၃၂၈) ဒေါ်လာနှုန်း၊ နှမ်း (၁၇၁၄) ဒေါ်လာနှုန်း၊ ရော်ဘာ (၁၁၄၂) ဒေါ်လာနှုန်း၊ငရုတ်အစို (၇၁၄) ဒေါ်လာနှုန်း၊ ငရုတ်ခြောက် (၁၂၈၅) ဒေါ်လာနှုန်းရှိခဲ့ကြောင်း သိရှိရသည်။

        မန္တလေး၊ လားရှိုး၊ သန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြောင်း သိရှိရသည်။

တစ်ဖက်နိုင်ငံ၊ တရုတ်ပြည်တွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ် (၁၆)ရက်နေ့အထိ ဆန်မာ တစ်အိတ်လျှင် (၂၁၀)ယွမ်၊ဆန်ပျော့တစ်အိတ်လျှင်(၂၈၀)ယွမ်၊ ဆန်ကွဲတစ်အိတ်လျှင် (၁၅၀) ယွမ်နှင့် ပြောင်းတစ်အိတ် လျှင် (၁၂၅) ယွမ်ဈေးပေါက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

          တစ်ဖက်နိုင်ငံချင်းရွှေဟော်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာတွေ့ရှိရသဖြင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်(နမ့်ဖာဟော်) ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှစ၍ တရုတ်နိုင်ငံမှ ယာယီပိတ် ထားခဲ့ရာမှ နမ့်ဖာဟော်တံတားကို ၂၀၂၂ခုနှစ်၊မတ်လ(၂၂)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နိုင် ခဲ့သဖြင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ခဲ့သည်။ သို့ရာတွင် နှစ်နိုင်ငံလူအဝင် အထွက်အား တစ်ဖက်နိုင်ငံမှခွင့်ပြုထားခြင်း မရှိသေးသည့်အတွက် ယာဉ်မောင်းများသည်နမ့်ဖာဟော် တံတားပေါ်တွင် ယာဉ်ချိန်းပြောင်းသည့်စနစ်ဖြင့် မောင်းနှင်ခဲ့ရသည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့ (၁၀:၀၀) အချိန်တွင် နှစ်နိုင်ငံ လူအဝင်/အထွက်အား ပြန်လည် ဖွင့်လှစ်ခဲ့သည်။

          ၂၀၂၃ ခုနှစ်၊ ဩဂုတ် (၁၆)ရက်နေ့ မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁၀၀)လျှင် တရုတ်ယွမ် (၀.၂၀၉) ယွမ်ဖြစ်ပြီး၊ (၁)ယွမ်လျှင် (၄၇၈) ကျပ်ရှိကြောင်း၊ ၁၆ ပဲ အခေါက်ရွှေ (၁) ကျပ်သား (၇၃၂၂.၁၈) ယွမ်၊ မြန်မာငွေကျပ် (၃၅၀၀၀၀၀) ရှိကြောင်း သိရှိရသည်။