မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်တင်ပို့နိုင်မှုအခြေအနေ

ဩဂုတ်လ (၇)

               မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့မှ ဩဂုတ်လ (၈) ရက်နေ့ အတွင်း ပို့ကုန်တင်ပို့မှုငါးကြိတ်သား တစ်တန်လျှင် (၁၈၂၀) ဒေါ်လာနှုန်းဖြင့် (၁၄.၄၀၀) တန် ၊ တန်ဖိုး (၀.၀၂၆) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင် ကုန်သွယ်ရေး စခန်းမှ တစ်ဆင့်ပရာကျွတ်ကရီခမ်ခရိုင်သို့ တင်ပို့နိုင်ခဲ့သည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေးစခန်းအထိ ကုန်(၁)တန်လျှင်ကားခ (ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်း သိရှိရပြီးကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက် ရှိကြောင်း သိရှိရသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ သွင်းကုန်တင်သွင်းနိုင်မှုအခြေအနေ

ဩဂုတ်လ(၇)

              မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၇)ရက်နေ့မှ ဩဂုတ်လ (၈) ရက်နေ့ အတွင်းသွင်းကုန်တင်သွင်းမှုအနေဖြင့် ဓါတ်ဆီတစ်တန်လျှင် (၉၀၅)ဒေါ်လာ နှုန်းဖြင့် တန်(၃၅၀)၊တန်ဖိုး (၀.၃၁၇) ဒေါ်လာသန်းတင်သွင်းခဲ့သည်။မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၅၉၀) ကျပ်နှင့်ဒီဇယ် တစ်လီတာ (၂၅၆၈) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ် လျှင် (၉၇.၂၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။