မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါ သည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၈-၇-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၄၆၂၈၉၄.၉၇၁)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၆၂.၃၉၀)သန်း၊ နယ်စပ်မှ (၈၈၉၀၇.၉၉၄) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၇၇.၀၇၉) သန်း၊ စုစုပေါင်း (၅၅၁၈၀၂.၉၆၅) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၄၃၉.၄၆၉)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၈-၇-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၂၈-၇-၂၀၂၃) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၁၆၀.၁၆၃ | ၁.၁၁၂ | ၁၆၁.၂၇၅ | |
ကီလို | ၁၈၉၅၅၁.၅၁၂ | ၁၀၆၄.၀၀၀ | ၁၉၀၆၁၅.၅၁၂ | |||
၂ | ပဲတီစိမ်း | US$ | ၁၀၁.၂၉၉ | ၂၈.၇၅၂ | ၁၃၀.၀၅၁ | |
ကီလို | ၁၅၁၄၅၇.၂၆၂ | ၄၃၂၅၉.၈၂၁ | ၁၉၄၇၁၇.၀၈၃ | |||
၃ | ပဲစဉ်းငုံ | US$ | ၅၈.၄၈၆ | ၀.၀၀၀ | ၅၈.၄၈၆ | |
ကီလို | ၆၈၆၀၉.၀၃၀ | ၀.၀၀၀ | ၆၈၆၀၉.၀၃၀ | |||
၄ | ကုလားပဲ | US$ | ၀.၅၂၂ | ၀.၀၀၀ | ၀.၅၂၂ | |
ကီလို | ၅၆၅.၃၂၅ | ၀.၀၀၀ | ၅၆၅.၃၂၅ | |||
၅ | ပဲလွန်းဖြူ | US$ | ၁၀.၀၈၇ | ၁.၂၃၁ | ၁၁.၃၁၈ | |
ကီလို | ၁၆၀၄၀.၂၉၆ | ၂၀၂၅.၈၆၉ | ၁၈၀၆၆.၁၆၅ | |||
၆ | မြေထောက်ပဲ | US$ | ၇.၄၄၀ | ၁၀.၆၇၄ | ၁၈.၁၁၄ | |
ကီလို | ၇၆၇၄.၃၇၇ | ၇၄၇၃.၀၀၈ | ၁၅၁၄၇.၃၈၅ | |||
၇ | ထောပတ်ပဲ | US$ | ၁၁.၄၉၆ | ၅.၁၈၅ | ၁၆.၆၈၁ | |
ကီလို | ၁၁၇၁၀.၁၆၈ | ၄၈၅၇.၆၅၆ | ၁၆၅၆၇.၈၂၄ | |||
၈ | ပဲယင်း | US$ | ၈.၇၄၉ | ၁၃.၂၅၃ | ၂၂.၀၀၂ | |
ကီလို | ၁၂၀၇၉.၇၇၉ | ၁၆၁၂၈.၇၃၈ | ၂၈၂၀၈.၅၁၇ | |||
၉ | ပဲကြီး | US$ | ၁.၈၁၆ | ၀.၅၁၈ | ၂.၃၃၄ | |
ကီလို | ၁၇၇၀.၄၆၆ | ၅၁၆.၅၀၀ | ၂၂၈၆.၉၆၆ | |||
၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၈၇၀ | ၀.၈၇၀ | ||
ကီလို | ၁၃၇၃.၀၂၀ | ၁၃၇၃.၀၂၀ | ||||
၁၁ | စွန်တာပြာ | US$ | ၀.၃၈၁ | ၁.၃၈၈ | ၁.၇၆၉ | |
ကီလို | ၅၉၁.၀၀၀ | ၂၃၁၁.၀၀၀ | ၂၉၀၂.၀၀၀ | |||
၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၁၁၇ | ၀.၁၁၇ | ||
ကီလို | ၂၀၀.၅၀၀ | ၂၀၀.၅၀၀ | ||||
၁၃ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
၁၄ | ဘိုကိတ်ပဲ | US$ | ၀.၈၄၁ | ၀.၀၀၀ | ၀.၈၄၁ | |
ကီလို | ၁၃၀၇.၇၅၅ | ၀.၀၀၀ | ၁၃၀၇.၇၅၅ | |||
၁၅ | ပဲပုတ်စေ့ | US$ | ၀.၀၀၄ | ၀.၀၀၀ | ၀.၀၀၄ | |
ကီလို | ၄.၇၄၀ | ၀.၀၀၀ | ၄.၇၄၀ | |||
၁၆ | ပဲနီကြား | US$ | ၀.၆၀၉ | ၀.၆၀၉ | ||
ကီလို | ၁၁၉၄.၉၈၀ | ၁၁၉၄.၉၈၀ | ||||
၁၇ | နိုင်လွန်ပဲ | US$ | ၀.၇၄၉ | ၀.၇၄၉ | ||
ကီလို | ၁၀၃၅.၅၀၀ | ၁၀၃၅.၅၀၀ | ||||
၁၈ | မြေပဲဆံ | US$ | ၀.၂၃၀ | ၁၃.၃၈၉ | ၁၃.၆၁၉ | |
ကီလို | ၁၅၅.၀၀၀ | ၈၆၇၂.၀၂၂ | ၈၈၂၇.၀၂၂ | |||
၁၉ | အခြားပဲ | US$ | ၀.၀၀၆ | ၀.၁၀၂ | ၀.၁၀၈ | |
ကီလို | ၅.၂၄၁ | ၁၆၈.၄၀၀ | ၁၇၃.၆၄၁ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၃၆၂.၃၉၀ | ၇၇.၀၇၉ | ၄၃၉.၄၆၉ | ||
ကီလို | ၄၆၂၈၉၄.၉၇၁ | ၈၈၉၀၇.၉၉၄ | ၅၅၁၈၀၂.၉၆၅ | |||
Source: Customs |