မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်တင်ပို့နိုင်မှုအခြေအနေ

      မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့မှ ဇူလိုင်လ (၂၅) ရက်နေ့အတွင်းငါးကြိတ်သား တစ်တန်လျှင်(၁၈၂၀)ဒေါ်လာနှုန်းဖြင့် (၂၈.၈၀၀)တန်၊ တန်ဖိုး(၀.၀၅၂)ဒေါ်လာသန်းငါးကြိတ်သားအားအကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့တင်ပို့နိုင်ခဲ့သည်။

   မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ်- ထားဝယ် - ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်းသိရှိရသည်။

         မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့မှ ဇူလိုင်လ (၂၅) ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှုမရှိပါ။မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၃၁၈) ကျပ်နှင့်ဒီဇယ်တစ်လီတာ (၂၂၉၅) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁)ဘတ်လျှင် (၉၇.၂၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။