လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်၂၀၂၃ ခုနှစ်၊ ဇူလိုင်လ၂၄မှ၂၅ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၆၄.၅၀) တန်၊ တန်ဖိုး (၀.၀၂၉) ဒေါ်လာသန်း၊ ဆန်ကွဲ(၆၇.၀၀) တန်၊ တန်ဖိုး (၀.၀၂၇) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့သည်။

ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၀၈)ဒေါ်လာ၊ တစ်သျှူးငှက်ပျောတစ်တန်လျှင်(၃၃၄)ဒေါ်လာ၊ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင် (၆၆၀)ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၄၈၄)ဒေါ်လာ၊ Aluminium Ingotတစ်တန်လျှင် (၁၇၅၂) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၇၂)ကျပ်ရှိကြောင်းသိရှိရသည်။  ယခုအပတ်အတွင်း သွင်းကုန်ပိုင်းအနေဖြင့်စက္ကူလိပ်(၇.၀၀)တန်၊ တန်ဖိုး(၀.၀၀၂) ဒေါ်လာသန်း၊ ပိတ်လိပ် (၇၅.၂၀) တန်၊ တန်ဖိုး (၀.၀၄၅) ဒေါ်လာသန်း၊ ချည်(၁၁.၈၀) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း၊ သွပ်ပြား(၁၅.၅၀)တန်၊ တန်ဖိုး (၀.၀၁၁)ဒေါ်လာသန်း၊ ပလပ်စတစ်ဖျာ(၃၀.၀၀)တန်၊ တန်ဖိုး (၀.၀၂၁)ဒေါ်လာသန်း၊ ကုန်စုံ(၉၆.၃၅)တန်/ (၁၅၅၀)U၊ တန်ဖိုး(၀.၀၇၄)ဒေါ်လာသန်း အများဆုံးတင်သွင်းနိုင်ခဲ့သည်။

 သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ချည်တစ်တန်လျှင် (၆၇၅)ဒေါ်လာ၊ သွပ်ပြား တစ်တန်လျှင် (၇၀၀)ဒေါ်လာ၊ ပိတ်လိပ်တစ်တန်လျှင် (၆၀၀)ဒေါ်လာ၊ စက္ကူလိပ် တစ်တန်လျှင် (၃၅၀)ဒေါ်လာ၊ ဓါတ်မြေဩဇာ (Organic Fertilizer) တစ်တန်လျှင် (၂၅၀) ဒေါ်လာ၊ဓါတ်မြေဩဇာ (Compound Fertilizer) တစ်တန်လျှင် (၃၉၈) ဒေါ်လာ၊ ထွန်စက်တစ်စီးလျှင် (၄၀၀၀)ဒေါ်လာ၊ပီနံအိတ်တစ်တန်လျှင်(၇၉၇)ဒေါ်လာ၊ရိတ်သိမ်းချွေလှေ့စက် တစ်စီးလျှင် (၇၂၀၀) ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၈၀၀၀၀၀)ကျပ်၊ကုန်ပွ(၅၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၆၅၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။

ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိသည်။လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေနဲ့ ၂၃-၇-၂၀၂၃ရက်နေ့မှာ (၁)ယွမ်လျှင် (၄၃၂)ကျပ်ဖြစ်ခဲ့ပြီး ၂၅-၇-၂၀၂၃ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၃၂)ကျပ်ဖြစ်၍မြန်မာကျပ်ငွေဈေး တည်ငြိမ်ခဲ့ကြောင်း သိရှိရသည်။