မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် (၂၃-၇-၂၀၂၃) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၂၃-၇-၂၀၂၃)ရက်နေ့တွင်ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၀.၈၅၁)သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၁.၄၂၉)သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၂.၂၈၀) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငါးရှဉ့် (၅၂.၈၄၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၅၉) သန်း၊ မိကျောင်းကွမ်းဖတ်စေ့(၁၄၇.၀၃၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၃၅) သန်း၊ ကြက်သွန်နီ(၂၅၆.၇၅၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၀၈)သန်း၊ကဏန်း(၁၇.၆၇၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၄)သန်း၊ ဝါဂွမ်း(၃၄.၀၁၉)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၅၉)သန်း၊ မြေထောက်ပဲ(၃၃.၅၀၀)တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်း၊ ဆန်ကွဲ(၁၀၀.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၀)သန်း၊ နနွင်းတက်(၅၅.၅၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၃၀) သန်း၊ ချင်းခြောက်(၆၂.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၂၅)သန်း၊ ငရုတ်သီးခြောက်(၁၇.၀၀၀)တန်၊ တန်ဖိုး(၀.၀၂၄) ဒေါ်လာသန်းတို့ ဖြစ်သည်။

အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ဓာတ်မြေဩဇာကန်ဒေါ်လာ(၀.၂၀၆)သန်း၊ ဒီဇယ်လျှပ်စစ်ဓာတ်အားပေးစက် တန်ဖိုးကန်ဒေါ်လာ(၀.၀၉၉)သန်း၊ ယာဉ်နှင့်ယာဉ်ယန္တရားများတန်ဖိုး ကန်ဒေါ်လာ(၀.၀၆၆)သန်း ၊ ပလပ်စတစ်လိပ်တန်ဖိုး ကန်ဒေါ်လာ(၀.၀၆၀)သန်း၊ စပျစ်သီးတန်ဖိုး ကန်ဒေါ်လာ(၀.၀၄၇)သန်း၊ ဖိနပ်အမျိုးမျိုး တန်ဖိုး ကန်ဒေါ်လာ(၀.၀၄၂)သန်း၊ ဓာတုကုန်ကြမ်းပစ္စည်းများ တန်ဖိုး ကန်ဒေါ်လာ(၀.၀၃၀)သန်း၊Reconditioned Machineတန်ဖိုး ကန်ဒေါ်လာ(၀.၀၂၉)သန်း၊ သွပ်ပိုက် တန်ဖိုး ကန်ဒေါ်လာ(၀.၀၂၄)သန်း၊ အိမ်ရိုက်သံတန်ဖိုး ကန်ဒေါ်လာ(၀.၀၂၄)သန်းတို့ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ (၂၃) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၂၆.၀၈၃) သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၄၀.၃၃၀) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၆၆.၄၁၃) သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၂၉၁.၄၂၂) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်းသိရှိရသည်။

အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်းဖြစ်ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခ ကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့် ရှိသည်။

(၂၃-၇-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ငါးရှဉ့် (၁) တန်လျှင်အမေရိကန်ဒေါ်လာ (၃၀၁၄.၇၄၇) နှုန်း၊ မိကျောင်းကွမ်းဖတ်စေ့(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၉၁၆.၅၂၇) နှုန်း၊ကြက်သွန်နီ(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၄၂၀.၅၇၇) နှုန်း၊ကဏန်း(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၄၁၉၉.၉၄၆) နှုန်း၊ ဝါဂွမ်း(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၇၄၂.၂၀၄) နှုန်း၊ မြေထောက်ပဲ(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၄၈၇.၇၇၉) နှုန်း၊ဆန်ကွဲ(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၃၉၅.၅၀၁)နှုန်း၊နနွင်းတက်(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၅၃၅.၃၈၄)နှုန်း၊ချင်းခြောက်(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၀၉.၃၇၉)နှုန်း၊ ငရုတ်သီးခြောက် (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၁၄၂၉.၃၅၆) နှုန်း တင်ပို့နိုင်ခဲ့သည်။

(၁၇-၇-၂၀၂၃) ရက်နေ့ မှ (၂၃-၇-၂၀၂၃) ရက်နေ့အတွင်းအများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငါးရှဉ့် (၃၅၆.၆၈၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၁.၀၇၀) သန်း၊ ကဏန်း (၂၀၀.၃၂၅) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၈၄၁) သန်း၊ ကြေးနီ (၂၀၇.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၅၉၁) သန်း၊ ကြက်သွန်နီ(၁၃၃၄.၇၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၄၈၀) သန်း၊ ဝါဂွမ်း (၂၃၀.၅၈၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၄၀၅) သန်း၊ မြေထောက်ပဲ(၂၆၉.၅၀၀) တန်၊ တန်ဖိုး (၀.၃၉၉) ဒေါ်လာသန်း၊ ဆန်ကွဲ(၈၈၁.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၃၄၇) သန်း၊ ပုစွန်ဖွဲ(၇၀၈.၀၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၃၃၈) သန်း၊ ပုစွန်ခြောက်(၄၈.၁၆၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၂၈၉) သန်း၊ မိကျောင်းကွမ်းဖတ်စေ့(၃၀၁.၉၂၀) တန်၊ တန်ဖိုး (၀.၂၈၀) ဒေါ်လာသန်းတို့ ဖြစ်သည်။

(၁၇-၇-၂၀၂၃)ရက်နေ့မှ(၂၃-၇-၂၀၂၃)ရက်နေ့အတွင်းအများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများတန်ဖိုးကန် ဒေါ်လာ(၃.၉၀၄) သန်း၊ ဒီဇယ်လျှပ်စစ်ဓာတ်အားပေးစက် တန်ဖိုးကန်ဒေါ်လာ (၀.၄၇၀) သန်း၊ သွပ်လိပ်တန်ဖိုးကန်ဒေါ်လာ (၀.၄၅၅) သန်း၊ စက်သုံးဆီ တန်ဖိုး ကန်ဒေါ်လာ (၀.၃၉၃) သန်း၊ ဆိုလာပြား တန်ဖိုး ကန်ဒေါ်လာ (၀.၂၆၃) သန်း၊ ကားတာယာများ တန်ဖိုးကန်ဒေါ်လာ (၀.၂၃၃) သန်း၊ ဖိနပ်အမျိုးမျိုး တန်ဖိုးကန်ဒေါ်လာ (၀.၂၁၂) သန်း၊ Bolt & Nutတန်ဖိုးကန်ဒေါ်လာ (၀.၂၀၆) သန်း၊ ဓာတ်မြေဩဇာတန်ဖိုး ကန်ဒေါ်လာ (၀.၂၀၅) သန်း၊ စပျစ်သီး တန်ဖိုးကန်ဒေါ်လာ (၀.၁၄၂) သန်းတို့ ဖြစ်သည်။

(၁၇-၇-၂၀၂၃) ရက်နေ့ မှ (၂၃-၇-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း များအား ငါးရှဉ့် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၂၉၉၉.၉၃၅)နှုန်း၊ ကဏန်း(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၁၉၈.၁၂၉) နှုန်း၊ ကြေးနီ(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၈၄၆.၉၅၄) နှုန်း၊ ကြက်သွန်နီ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၅၉.၆၀၆) နှုန်း၊ ဝါဂွမ်း(၁) တန်လျှင် အမေရိကန် ဒေါ်လာ(၁၇၅၇.၃၂၈) နှုန်း၊မြေထောက်ပဲ(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၄၈၀.၂၂၃) နှုန်း၊ဆန်ကွဲ(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၉၃.၄၉၃)နှုန်း၊ပုစွန်ဖွဲ(၁)တန်လျှင် အမေရိကန် ဒေါ်လာ (၄၇၈.၀၉၅)နှုန်း၊ ပုစွန်ခြောက် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၆၀၀၀.၀၀၀) နှုန်း၊မိကျောင်းကွမ်းဖတ်စေ့(၁) တန်လျှင် အမေရိကန် ဒေါ်လာ (၉၂၈.၃၄၁) နှုန်းဖြင့် တင်ပို့နိုင်ခဲ့သည်။

မူဆယ်ဒေသမှ တရုတ်နိုင်ငံသို့ ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြန်မာပြည်အနှံ့အပြားမှ မူဆယ်၊ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်သွင်း/တင်ပို့ ကြရသည်ဖြစ်သဖြင့် ကုန်သွယ်မှုဆောင်ရွက်နေသည့် လုပ်ငန်းရှင်/ကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်လုပ်ထုံး/လုပ်နည်းများ အချိန်နှင့် တပြေးညီ သိရှိအောင် ဆောင်ရွက်သင့်သည်။

ထို့အပြင် ကုန်သွယ်ဖက်နိုင်ငံရှိ ကုန်သည်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍လည်း ၎င်းတို့၏ မူဝါဒ လုပ်ထုံးလုပ်နည်းများ သိရှိအောင် ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှုကိစ္စရပ်များအား တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်သည်။

ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်ရှိ ရာသီဥတုနှင့် လမ်းကြံ့ခိုင်မှုအခြေအနေ၊ နယ်မြေ ဒေသအခြေအနေတို့ကို ကုန်သည်လုပ်ငန်းရှင်များအချင်းချင်းချိတ်ဆက်သတင်းရယူခြင်း၊ သက်ဆိုင်ရာ ကုန်သည်အသင်းအဖွဲ့များ၊ ညီနောင်အသင်းများဖြင့် ချိတ်ဆက်ခြင်းအပြင် လိုအပ်ပါကသက်ဆိုင်ရာ အစိုးရဌာနများသို့ သတင်းပို့တင်ပြခြင်းများ ဆောင်ရွက်သင့်သည်။

တင်သွင်း/တင်ပို့လိုသည့် ကုန်ပစ္စည်းအမယ်အသစ်များရှိပါကလည်း သက်ဆိုင်ရာ အစိုးရဌာန များသို့ သတင်းပို့ချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်သည်။

 လက်ရှိကာလအနေဖြင့် မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိသည်။