မောတောင်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့မှ (၂၃)ရက်နေ့အထိ ကုန်သွယ်မှုအခြေအနေ

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့မှ (၂၃)ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၅၁၂) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၀၄) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၅၁၆) ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဇူလိုင်လ (၁၉) ရက်နေ့မှ (၂၃) ရက်နေ့ အထိ အဓိကတင်ပို့ခဲ့ သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၃၉.၁၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၂၄) သန်း၊ သဲဂဏန်း          (အရှင်) (၂.၈၅၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၂)သန်း၊ ဂဏန်း (အသေ) (၁.၆၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၉)သန်း၊ ဂျင်းခရု (အရှင်) (၄.၂၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၆၃)သန်း၊ ကြက်သွန်နီ (၁၄၈)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၇၅၁)သန်း၊ ငှက်ပျောသီး (၄၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၅)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၁.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၀၄)သန်း ဖြစ်သည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်းမှာ- ငါးမျိုးစုံ (၁၀၈၂.၁၈၅) ဒေါ်လာနှုန်း၊ (၃၉.၁၈)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၂၄) သန်း၊ သဲဂဏန်း (အရှင်) (၄၂၁၀.၅၂၆)ဒေါ်လာနှုန်း၊(၂.၈၅၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၁၂)သန်း၊ ကဏန်း(အသေ) (၁၁၈၇.၅)ဒေါ်လာနှုန်း၊ (၁.၆၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၉)သန်း၊ ဂျင်းခရု (အရှင်) (၁၅၀၀) ဒေါ်လာနှုန်း၊ (၄.၂၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၆၃)သန်း၊ ကြက်သွန်နီ (၅၀၇.၄၃၂) ဒေါ်လာနှုန်း၊ (၁၄၈)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၇၅၁)သန်း၊ ငှက်ပျောသီး (၃၀၀) ဒေါ်လာနှုန်း၊ (၄၅)တန်၊ ကန်ဒေါ်လာ (၀.၀၁၃၅) ဒေါ်လာသန်း ဖြစ်သည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁)တန် ဈေးနှုန်းမှာ သစ်သီး(၂၆၆.၆၇)ဒေါ်လာနှုန်း၊ (၁.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၀၄)သန်း ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ်(၁)စီးလျှင် ကုန်ကျစ်(၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ်-တနင်္သာရီ-မောတောင်ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် (၁၆-၇-၂၀၂၃)ရက်နေ့မှစ၍ တောတွင်းလက်နက်ကိုင် (KNU၊ PDF)များမှ တုံခါ-မောတောင် ကုန်သွယ်မှုလမ်းကြောင်းအား ပိတ်ထားပြီး(၂၁-၇-၂၀၂၃) ရက်နေ့ တွင် မြိတ်-တနင်္သာရီ-မောတောင် ကုန်သွယ်မှုလမ်းကြောင်း ပြန်လည်စတင်ခဲ့ပြီး ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိသည်။

          မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၂၂-၇-၂၀၂၃)ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေ ကျပ်(၁)သိန်းလျှင် ဘတ်(၁၀၉၀)၊ (၁)ဘတ်လျှင် မြန်မာငွေကျပ် (၉၁.၇၄)ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သုံးသပ်သိရှိရသည်။