လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ မှ ၂၃ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်ကွဲ(၆၈.၀၀)တန်၊ တန်ဖိုး (၀.၀၂၇)ဒေါ်လာသန်း၊ ပြောင်း (၂၂.၀၀) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း၊ မြေထောက်ပဲ (၆၆.၀၀) တန်၊ တန်ဖိုး (၀.၀၉၈) ဒေါလာသန်း၊ ကြိမ် (၃၃.၇၀) တန်၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်း၊ ပဲတီစိမ်း (၆၅.၀၀) တန်၊ တန်ဖိုး (၀.၀၄၆) ဒေါ်လာသန်း၊ Lead Carbonate (၃၃.၀၀)တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ Aluminiun Ingot (၂၉.၅၂) တန်၊ တန်ဖိုး (၀.၀၅၂) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့သည်။

          ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၀၈)ဒေါ်လာ၊ တစ်သျှူးငှက်ပျောတစ်တန်လျှင်(၃၃၄)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင် (၆၆၀)ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၄၈၄)ဒေါ်လာ၊ Aluminium Ingotတစ်တန်လျှင် (၁၇၅၂) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၇၂)ကျပ်ရှိကြောင်းသိရှိရသည်။

          ယခုအပတ်အတွင်း သွင်းကုန်ပိုင်းအနေဖြင့်ဓါတ်မြေဩဇာ(၁၂၆.၀၀)တန်၊ တန်ဖိုး(၀.၀၄၃) ဒေါ်လာသန်း၊ ပိတ်လိပ် (၅၀.၀၀)တန်၊ တန်ဖိုး (၀.၀၂၉)ဒေါ်လာသန်း၊ ထွန်စက် (၆)U၊ တန်ဖိုး (၀.၀၂၄) ဒေါ်လာသန်း၊ ပီနံအိတ် (၆၃.၀၀) တန်၊ တန်ဖိုး (၀.၀၄၉) ဒေါ်လာသန်း၊ ချည် (၁၅၉.၃၀)တန်၊ တန်ဖိုး (၀.၀၉၅) ဒေါ်လာသန်း၊ မြက်ခင်းတု (၁၅.၅၀)တန်၊ တန်ဖိုး(၀.၀၁၀)ဒေါ်လာသန်း၊ ရိတ်သိမ်းခြွေလှေ့စက် (၁၀) U၊ တန်ဖိုး (၀.၀၉၄) ဒေါ်လာသန်း၊ ပတ္တာကြိုး (၁၃.၀၀) တန်၊ တန်ဖိုး (၀.၀၁၉) ဒေါ်လာသန်း၊ ပလပ်စတစ်ဖျာ (၁၅.၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ပန်ကာ (၁၅၀၀)U၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ ဖော့ဖျာ (၁၂.၀၀) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း၊ စက္ကူလိပ် (၇.၀၀) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ ဘက်ထရီ (၃၅၀၀) U ၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်း၊ ကုန်စုံ (၂၂၈.၁၉) တန်၊ (၄၁၉၂၉) U၊ တန်ဖိုး (၀.၂၃၁) ဒေါ်လာသန်းတို့ အများဆုံးတင်သွင်းနိုင်ခဲ့သည်။

          သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဓါတ်မြေဩဇာ (Organic Fertilizer) တစ်တန်လျှင် (၂၅၀) ဒေါ်လာ၊ဓါတ်မြေဩဇာ (Compound Fertilizer) တစ်တန်လျှင် (၃၉၈) ဒေါ်လာ၊ ထွန်စက်တစ်စီးလျှင် (၄၀၀၀)ဒေါ်လာ၊ပီနံအိတ်တစ်တန်လျှင်(၇၉၇)ဒေါ်လာ၊ရိတ်သိမ်းချွေလှေ့စက် တစ်စီးလျှင် (၇၂၀၀) ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၈၀၀၀၀၀)ကျပ်၊ကုန်ပွ(၅၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၆၅၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအား ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိသည်။

          လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေနဲ့ ၁၈-၇-၂၀၂၃ရက်နေ့မှာ (၁)ယွမ်လျှင် (၄၃၀)ကျပ်ဖြစ်ခဲ့ပြီး ၂၃-၇-၂၀၂၃ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၃၂)ကျပ်ဖြစ်၍မြန်မာကျပ်ငွေဈေး အနည်းငယ်ကျခဲ့ကြောင်း သိရှိရပါသည်။