ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှုအခြေအနေ

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့ နှင့် ပြောင်းတို့ ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၂၁၈၅)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂.၃၇၄) သန်း၊ သွင်းကုန်တန်ချိန်(၃၀)၊ (-)U၊ (၂၆၉၀) BBL၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၃၁၀) သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ (၆၈၄) သန်းဖြစ်သည်။ အများဆုံး (၂၈၃၀၂.၄၀)၊ (၁)တန်စျေးနှုန်း (၉၈၀)အမေရိကန်ဒေါ်လာ၊ငါးဝိုင်းတန်ချိန်(၄၅.၆၄)၊တန်ဖိုးအမေရိအမေရိကန်ဒေါ်လာ(၁၈၉၉၀.၄၀)၊ (၁)တန် စျေးနှုန်း (၁၆၆၀)အမေရိကန်ဒေါ်လာ၊ရေဘဝဲတန်ချိန် တန်ချိန် (၁၁.၂၆)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၄၃၈၀၁.၄၀)၊ (၁)တန်စျေးနှုန်း (၃၈၉၀)စျေးနှုန်း (၂၀၇၀) အမေရိကန်ဒေါ်လာ၊ငါးဗျောသီးတန်ချိန် (၇၇.၅၈၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၉၇၅.၀၀)၊ (၁)တန်စျေးနှုန်း (၁၂၅၀)အမေရိကန်ဒေါ်လာ၊ငါးချဉ်ပေါင်း တန်ချိန် (၇.၁၂)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၁၈၄.၈၀)၊ (၁)တန်စျေးနှုန်း (၁၂၉၀) အမေရိကန်ဒေါ်လာ၊ ကုလားငူတန်ချိန် (၇.၃၆) ၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၈၈၃၂.၀၀) ၊ (၁) တန် ဈေးနှုန်း (၁၂၀၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ ဓါတ်ဆီတန်ချိန် (၅၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၄၀၀၀)၊ (၁) တန်ဈေးနှုန်း (၈၈၀) အမေရိကန်ဒေါ်လာ၊ ဒီဇယ်ဆီတန်ချိန်(၃၀၀)၊ တန်ချိန်(၂၉)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၀၀၀၀)၊ (၁)တန်စျေးနှုန်း (၆၈၉.၆၅) အမေရိကန်ဒေါ်လာတို့ဖြစ်ပြီးငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀ဝိ/- ကျပ် ရှိကြောင်း သိရှိရပါသည်။

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။(၂၄-၇-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် (၁၁၀၄) ဘတ် ၊ (၁) ဘတ်လျှင် မြန်မာငွေ (၉၀.၆၀) ကျပ်ခန့် (၂၃-၇-၂၀၂၃) နှင့် နှိုင်းယှဉ်လျှင် (၁.၀၀) ကျပ်ခန့်မြင့်တက်လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၀၅၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၂၁၅၀) ကျပ်ဖြင့် မြင့်တက်လျက်ရှိသည်။