ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ (၁၅) ရက်နေ့မှ (၂၁) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု အနီးစပ်ဆုံးကာလထက် (၁.၃၉၇) ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း အနေဖြင့် ယခုအပတ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့ မှ (၂၁) ရက်နေ့ အတွင်းလုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၈.၂၄၆) ဒေါ်လာသန်း နှင့် သွင်းကုန် (၂၀.၇၃၈) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၂၈.၉၈၄) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်အစီးရေ အနေဖြင့် ပို့ကုန် (၅၅၈) စီး၊ သွင်းကုန် (၁၇၆၂) စီး ဆောင်ရွက်နိုင်ခဲ့သည်။

          ယခင်အပတ် ၂၀၂၃ ဇူလိုင်လ (၈) ရက်နေ့မှ ( ၁၄ ) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် (၈.၀၃၆) ဒေါ်လာသန်း နှင့် သွင်းကုန် (၁၉.၅၅၁) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၂၇.၅၈၇) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး (၀.၂၁၀) ဒေါ်လာသန်း လျော့နည်းခဲ့ပြီး သွင်းကုန်တန်ဖိုး (၁.၁၈၇) ဒေါ်လာသန်း ပိုမိုခဲ့ သဖြင့် ကုန်သွယ်မှုမမာဏ အနေဖြင့် (၁.၃၉၇) ဒေါ်လာသန်း ​ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။

          တင်ပို့သည့် ပို့ကုန်အမည်များအနက် ဆန်ကွဲ ၊ ပဲလွန်းဖြူ၊ မြေထောက်ပဲ ၊ နိုင်လွန်ပဲ၊ ရာဘာ၊  ပဲတီစိမ်း၊ ထောပတ်ပဲ ၊ စွန်တာနီ၊ ပဲယင်း ၊ ပဲနီကြား ၊ ပဲကြီး ၊ ဂျင်းအစို  ၊ ဝဉခြောက် CMP ပစ္စည်းများ တင်ပို့မှုပိုမိုခဲ့သောကြောင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက (၀.၂၁၀)ဒေါ်လာသန်း ပိုမိုခဲ့ခြင်း ဖြစ်သည်။

          တင်သွင်းသည့် သွင်းကုန်အမည်များအနက် ရင်းနှီးမြှပ်နှံမှုပစ္စည်းများအုပ်စုမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့်တပ်ဆင်ရေးပစ္စည်းများ၊ အခြားပစ္စည်းများ ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ လေအေးစက်များ၊ စက်နှင့်စက်ပစ္စည်း၊ ဆောက်လုပ်ရေး ပစ္စည်းများ နှင့် သံနှင့်သံမဏိ ဆောက်လုပ်ရေး ပစ္စည်းများ  ပိုမိုတင်သွင်းမှုကြောင့် ယခင်တစ်ပတ်ထက် (၂.၀၅၈) ဒေါ်လာသန်း ပိုမိုတင်သွင်းခဲ့သည်။

          လုပ်ငန်းသုံးကုန်ကြမ်းအုပ်စုတွင် ဓာတ်မြေသြဇာတင်သွင်းမှု ပိုမိုခဲ့သော်လည်း ဓါတုဗေဒပစ္စည်း များ၊ တာယာနှင့်ကျွတ်များ ၊အခြားပစ္စည်းများ ပိုမိုခဲ့သော်လည်း ဓါတ်ဆေးဆိုးဆေးများ၊ ဓာတ်မြေသြဇာ များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ ၊ သားရေ၊ သားရေတု ပြုပြင်ပြုလုပ်သောပစ္စည်းများ ၊ ကုန်ထုတ် စက္ကူများ ၊  တင်သွင်းမှု ယခင်တစ်ပတ်ထက် (၀.၃၉၉) ဒေါ်လာသန်း တန်ဖိုး လျော့နည်းတင်သွင်း ခဲ့သည်။

          လူသုံးကုန်ပစ္စည်းအုပ်စုတွင် ယခင်တစ်ပတ်ထက် ဘထ္ထရီခြောက်၊ ဆေးဝါး၊ ပရိဘောဂ၊ နှင့် ဇာနှင့် ဇာနှင့်ထိုးထားသော အထည်အလိပ်များနှင့် အခြားပစ္စည်းများ ယခင်တစ်ပတ်ထက် ပိုမို တင်သွင်းခဲ့ သော်လည်း အချိုမှုန့်၊ ချည်ထည်၊ မိဖိုချောင်သုံးပစ္စည်းများ တင်သွင်းမှု လျော့နည်းခဲ့သဖြင့်  ယခင်တစ်ပတ်အောက် (၀.၄၇၂) ဒေါ်လာသန်းတန်ဖိုး လျော့နည်းတင်သွင်းခဲ့သည်။

          ယခုတစ်ပတ်တွင် အများဆုံးပို့ကုန် (၁၀)မျိုးမှာ ပဲတီစိမ်း (၃၄၀၆.၄၀၈)တန်၊ (၂.၄၅၃) ဒေါ်လာသန်း၊ ရာဘာ  ( ၉၈၅.၇၅ )တန်၊ (၁.၆၇၇  )ဒေါ်လာသန်း၊ ပဲယင်း ( ၁၅၉၁.၅၀၀ )တန်၊ (၁.၃၁၀) ဒေါ်လာသန်း၊ မြေထောက်ပဲ  (၆၆၀.၅၀၀) တန်၊ (၀.၉၇၂)ဒေါ်လာသန်း၊ ထောပတ်ပဲ (၅၀၉.၅၀၀)တန်၊ (၀.၅၆၅)ဒေါ်လာသန်း၊ ဆန်ကွဲ  (၆၁၂.၂၅၀)တန် ၊ (၀.၂၃၅)ဒေါ်လာသန်း၊ ရာဘာကြမ်း  (၂၉၂.၀၀၀) တန်၊ (၀.၂၃၃)ဒေါ်လာသန်း၊ ဝဉခြောက်(၉၉.၀၀၀)တန်၊ (၀.၁၈၄)ဒေါ်လာသန်း၊ CMP(၁၄၈၄၆၉.၀၀၀)U၊ (၀.၁၇၃)ဒေါ်လာသန်း၊ စွန်တာနီပဲ(၂၀၀.၅၀၀)တန်၊ (၀.၁၁၇)ဒေါ်လာသန်း ဖြစ်သည်။

          ယခုတစ်ပတ်တွင် အများဆုံးသွင်းကုန်(၁၀)မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်း (၇.၇၅၈) ဒေါ်လာသန်း၊ ချည်ထည်များ (၃.၂၄၄) ဒေါ်လာသန်း၊ ဓာတ်မြေသြဇာများ (၂.၅၀၆) ဒေါ်လာသန်း၊ အထည်အလိပ်များ (၁.၅၀၉)ဒေါ်လာသန်း၊ အခြားပစ္စည်း (၀.၉၈၅ )ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်း များ (၀.၇၉၅) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၇၈၃)ဒေါ်လာသန်း၊ လူသုံးကုန်အခြားပစ္စည်း များ (၀.၅၄၃) ဒေါ်လာသန်း၊ လေအေးပေးစက်များ (၀.၄၂၆) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်း ပစ္စည်းများ (၀.၃၆၀) ဒေါ်လာသန်း ဖြစ်သည်။

          ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှချင်းရွှေဟော်သို့ အတတ်ကုန်ကားခပို့ကုန် တစ်ပိဿာ လျှင် (၇၉)ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်းကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၀)ကျပ် ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅)ကျပ် ရှိကြောင်းသိရှိရပါသည်။ လယ်ယာထွက်ကုန်များ၏(၁)တန် ဈေးနှုန်းမှာ  ဆန်  (၃၂၀၀) ယွမ်းနှုန်း၊ ဆန်ကွဲ (၃၁၀၀)ယွမ်နှုန်း၊ ပဲတီစိမ်း (၅၉၀၀) ယွမ်နှုန်း ၊ မြေထောက်ပဲ (၈၀၀၀) ယွမ်နှုန်း၊ ပဲလွန်းဖြူ (၄၇၀၀) ယွမ်နှုန်း၊ ပြောင်း (၂၃၀၀)ယွမ်နှုန်း ၊ နှမ်း (၁၂၀၀၀) ယွမ်းနှုန်း ၊ ရာဘာ (၈၀၀၀) ယွမ်နှုန်း၊ ငရုတ်(အစို )(၅၀၀၀)ယွမ်နှုန်း၊ ငရုတ်(ခြောက်)(၉၀၀၀) နှုန်း ရှိကြောင်းသိရှိရသည်။

          မန္တလေး၊ လားရှိုး၊ သန္ဒီ၊ ကွမ်လုံ၊ ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်မျာ လွယ်ကူချောမွေစွာသွားလာနိုင်ကြောင်း သိရှိရသည်။