မောတောင်ကုန်သွယ်ရေးစခန်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ( ၁၂ ) ရက်နေ့မှ ( ၁၆ ) ရက်နေ့ အထိ ကုန်သွယ်မှုအခြေအနေ

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့မှ (၁၆)ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၄၇၃)ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၅၁) ဒေါ်လာသန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၅၂၄)ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဇူလိုင်လ(၁၂)ရက်နေ့မှ (၁၆)ရက်နေ့အထိ အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၇၀.၅၆၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၇၁၆)သန်း၊ ဂဏန်းချေးပုံး (၁၀.၈) တန်၊ ကန်ဒေါ်လာ (၀.၀၁၂၇) ဒေါ်လာသန်း၊ ကျောက်ပုဇွန်(အရှင်) (၁.၀၉၅)တန်၊ ကန်ဒေါ်လာ (၀.၀၂၁၉) ဒေါ်လာသန်း၊ ဂျင်းခရု (အရှင်)(၁၃.၄)တန်၊ ကန်ဒေါ်လာ (၀.၀၂၀၁)ဒေါ်လာသန်း၊ တံမြက်စည်း (၃၀၀၀၀) U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၆) သန်း၊ ငှက်ပျောသီး (၅၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၅)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ မှန်(၁၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၂၈) သန်း၊ ငါးသေတ္တာဘူးခွံ (၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၀၁၂)သန်း သစ်သီးများ (၄.၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၀၁၁) သန်း တင်သွင်းနိုင်ခဲ့သည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်းမှာ - ငါးမျိုးစုံ (၁၀၁၄.၇၄) ဒေါ်လာနှုန်း၊ (၇၀.၅၆၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၁၆) သန်း၊ ဂဏန်းချေးပုံး (၁၁၇၅.၉၂၆)ဒေါ်လာနှုန်း၊ (၁၀.၈၀၀)တန်၊ ကန်ဒေါ်လာ(၀.၀၁၂၇) သန်း၊ ကျောက်ပုဇွန် (အရှင်)(၂၀၀၀၀) ဒေါ်လာနှုန်း၊ (၁.၀၉၅)တန်၊ ကန်ဒေါ်လာ (၀.၀၂၁၉)သန်း၊ ဂျင်းခရု(အရှင်) (၁၅၀၀) ဒေါ်လာနှုန်း၊ (၁၃.၄) တန်၊ ကန်ဒေါ်လာ (၀.၀၂၀၁)သန်း၊ တံမြက်စည်း(၀.၂) ဒေါ်လာနှုန်း၊ (၃၀၀၀၀)U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၆) သန်း၊ ငှက်ပျောသီး (၃၀၀)ဒေါ်လာနှုန်း၊ (၅၀)တန်၊ ကန်ဒေါ်လာ(၀.၀၁၅)ဒေါ်လာသန်း ဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ  အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏(၁)တန် ဈေးနှုန်းမှာ - မှန် (၂၈၀)ဒေါ်လာနှုန်း၊ (၁၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၈)သန်း၊ ငါးသေတ္တာဘူးခွံ (၂၄၀)ဒေါ်လာနှုန်း၊ (၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၂)သန်း၊ သစ်သီး (၂၄၄.၄၄၄) ဒေါ်လာနှုန်း၊ (၄.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၁) သန်း ဖြစ်သည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁)စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၆၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ်-တနင်္သာရီ-မောတောင်ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် (၁၆.၇.၂၀၂၃)ရက်နေ့မှစ၍ တောတွင်းလက်နက်ကိုင် (PDF)များမှ ထုံခါ - မောတောင် ကုန်သွယ်မှုလမ်းကြောင်းအား စာထုတ်၍ (ယာယီ)ပိတ်ထားလျက် ရှိသည်။

          မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံး ပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၁၅-၇-၂၀၂၃)ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေ ကျပ် (၁)သိန်းလျှင် ဘတ်(၁၁၁၀)၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၀.၀၉) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သုံးသပ်သိရှိရသည်။