တမူးမြို့နယ်စပ်တွင် ဖြစ်ပေါ်နေသောကုန်သွယ်မှုနှင့်ကုန်စျေးနှုန်း အခြေအနေ

တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ‌ဇွန်လ(၃၀)ရက်နေ့မှဇူလိုင်(၂)ရက်နေ့ထိ ကုန်သွယ်မှု အခြေအနေမှာ ပို့ကုန်ပိုင်းတွင် နန့်ဖာလုံကုန်စုံ ၀.၀၁၀ ဒေါ်လာသန်း၊ သွင်းကုန်ပိုင်းတွင် ဆောင်ရွက်နိုင်ခြင်းမရှိပါ။ ကုန်သွယ်မှုပမာဏစုစုပေါင်းတန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ဇူလိုင်လ (၃)ရက် ပြင်ပငွေလဲနှုန်းမှာ ၁ဒေါ်လာ (၂၉၂၆) ကျပ်၊ ၁ဒေါ်လာ (၉၁.၄၄) ရူပီး၊ ၁ရူပီး (၃၂) ကျပ်၊ ၁၀၀ ကျပ်(၃.၁၃) ရူပီး ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရသည်။

          အပတ်စဉ် အများဆုံးတင်ပို့သည့် ပို့ကုန် (၁၀) မျိုးမှာ ဆပ်ပြာခရင်၁ Kg လျှင် (၀.၅၂)ဒေါ်လာ၊ ၁၃၆၅ Kgလျှင် (၀.၀၀၁) ဒေါ်လာသန်း၊ ဆီးသီးထုပ် ၁ Kgလျှင် (၀.၃၃)ဒေါ်လာ၊ ၂၂၈၆ Kgလျှင် (၀.၀၀၁) ဒေါ်လာသန်း၊ သုံးဆင့်စင် ၁ Kg လျှင် (၀.၄၀) ဒေါ်လာ၊ ၂၈၅၂ Kg လျှင် (၀.၀၀၁) ဒေါ်လာသန်း၊ ဖိနပ် ၁ 2U လျှင် (၀.76)ဒေါ်လာ၊ ၃၂၁၃2U လျှင် (၀.၀၀၃) ဒေါ်လာသန်း၊ ခေါက်ဆွဲ ၁ Kg လျှင် (0.၂၉)ဒေါ်လာ၊  ၄၁၆၆ Kg လျှင် (၀.၀၀၁) ဒေါ်လာသန်း၊ ကွေကာအုပ် ၁ Kg လျှင် (0.၂၉)ဒေါ်လာ၊  ၄၉၁၇ Kg လျှင် (၀.၀၀၁) ဒေါ်လာသန်းတို့ဖြစ်ပြီး ယခုအပတ်သွင်းကုန်ပိုင်းတွင် ဆောင်ရွက်နိုင်မှုမရှိခဲ့ပါကြောင်း၊ ငါးသေတ္တာ၊ အချိုရည်တို့၏ သယ်ယူစရိတ်မှာ(၁၂)ဘီး တစ်စီးလျှင်(၁၅.၈)တန်ခန့် ကုန်ပိဿာအနေဖြင့်(၉၅၀၀)မှ (၁၀၀၀၀)ပိဿာထိ သယ်ဆောင်နိုင်ပြီး သယ်ယူစရိတ်အနေဖြင့် (၁၂)ဘီးတစ်စီးလျှင် (၁၉၀၀၀၀၀/-မှ ၂၁၈၅၀၀၀/-)ထိရှိသည်။ ဝေဖာ၊ ဖိနပ်၊ စောင်၊ ဇီးသီးထုပ်၊ ဖယောင်းပုဆိုး၊ ပလတ်စတစ်ပုံး၊ ပလတ်စတစ်အိတ်နှင့် မိတ်ကပ်တို့၏ သယ်ယူစရိတ်မှာ(၁၂)ဘီးတစ်စီးလျှင် (၈)တန်ခန့် ကုန်ပိဿာအနေဖြင့် (၄၈၀၀)မှ(၅၀၀၀)ပိဿာထိ သယ်ဆောင်နိုင်ပြီး သယ်ယူစရိတ်အနေဖြင့် (၁၂)ဘီးတစ်စီးလျှင် (၁၁၀၄၀၀၀/ -မှ ၁၁၅၀၀၀၀/-) ထိရှိသည်။ Nitrogen Fertilizer, Neem Coated Urea Fertilizer (Mukta) အမျိုးအစား ဓာတ်မြေဩဇာအား တစ်အိတ်လျှင် (၄၅/၅၀)Kg၊ အိတ်ရေ(၃၀၀)ခန့်ဖြင့် (၁၂) ဘီးတစ်စီးလျှင်(၁၆)တန်ခန့်တင်ဆောင်နိုင်ပြီး ကလေး-မန္တလေး သယ်ယူစရိတ်အနေဖြင့် (၁၀)သိန်းမှ (၁၂) သိန်း ရှိကြောင်းသိရှိရပါသည်။ ဆံပင်အား တစ်အိတ်လျှင် (၃၀)Kg၊ အိတ်ရေ(၁၄၀)ခန့်ဖြင့် (၆)ဘီးတစ်စီးလျှင်(၄)တန်ခန့်တင်ဆောင်နိုင်ပြီးတမူး-မန္တလေး သယ်ယူစရိတ်အနေဖြင့် (၁၀) သိန်းခန့်ဖြင့် သယ်ဆောင်လျက်ရှိကြောင်းသိရှိရသည်။

အဆင်းကုန် ကုန်ကျစ်/ကုန်ပွ ကားခတစ်ပိဿာ‌ စျေးနှုန်း၊ ကုန်စုံဖြစ်လျှင် ယာဉ်အမျိုးအစား အလိုက် ကားခစျေးနှုန်းမှာ ကုန်ကျစ်တစ်ပိဿာလျှင် (၁၅၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကုန်ပွတစ်ပိဿာလျှင် (၁၇၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊  (၁၂)ဘီးယာဉ်အမျိုးအစားတစ်စီးလျှင် ကုန်ကျစ်ဖြစ်ပါက (၁၅.၈)တန်ခန့်ဖြင့်လည်းကောင်း၊ ကုန်ပွဖြစ်ပါက (၈)တန်ခန့်ဖြင့်လည်းကောင်း၊ (၁၂)ဘီးယာဉ်အမျိုးအစားတစ်စီးလျှင် ကုန်ကျစ်ဖြစ်ပါက (၉၅၀၀) မှ (၁၀၀၀၀)ပိဿာထိတင်ဆောင်နိုင်ပြီး တစ်တန်သယ်ယူစရိတ်မှာ (၉၀၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကုန်ပွဖြစ်လျှင် (၄၈၀၀)မှ (၅၀၀၀)ပိဿာထိ တင်ဆောင်နိုင်ပြီး တစ်တန်သယ်ယူစရိတ်မှာ (၁၀၂၀၀၀)ကျပ်ဖြင့်လည်းကောင်း သယ်ယူပို့ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ကုန်သွယ်မှုလမ်းကြောင်းအခြေအနေမှာ အိန္ဒိယနိုင်ငံဖက်မှ ၂၀၂၀ မတ်လ၁၀ရက်မှစ၍ယနေ့ထိ ဂိတ်ပိတ်ထားဆဲဖြစ်ကြောင်းနှင့် မဏိပူရ်ပြည်နယ်တွင် ကူကီး(ချင်း)လူမျိုးများနှင့် ကသဲလူမျိုးများအကြား အဓိကရုဏ်းဖြစ်ပွားပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိကြောင်းသိရှိရပြီး လုံခြုံရေးအခြေအနေနှင့်လမ်းပန်း ဆက်သွယ်မှုအခြေအနေမှာ တမူး-ကလေးလမ်း‌ကြောင်းတစ်လျှောက်ရှိ ပန်းသာရွာနားအနီးတွင် လုံခြုံရေးအခြေအနေအရ လမ်းကြောင်းများ ခေတ္တယာယီမျှသာပိတ်ထားကြောင်း သိရှိရသည်။