စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၈)ရက်နေ့မှ ဇူလိုင်လ (၂)ရက်အတွင်း ကုန်သွယ်မှုဆောင်ရွက်နိုင်မှုအခြေအနေ
မြန်မာ-ဘင်္ဂလားဒေ့ရှ့်နှစ်နိုင်ငံတို့အကြားကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ့်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့မှ ဇူလိုင်လ (၂)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရပို့ကုန်ဒေါ်လာသန်း (၀.၀၀၈၃)သန်း၊ ဆောင်ရွက်နိုင်ခဲ့ပါသည်။ သွင်းကုန်ဆောင်ရွက်နိုင်မှုမရှိကြောင်းသိရှိရသည်။
တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနေဖြင့်မန်ကျည်းစေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၁၀၀) နှုန်းဖြင့် (၁၆၈)တန်၊ တန်ဖိုး(၁၆၈၀၀)ဒေါ်လာ၊ ဆီးဖတ်(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၁၁၅)နှုန်းဖြင့်(၁၃၈)တန်၊ တန်ဖိုး(၁၅၈၇၀)ဒေါ်လာနှင့် ချင်းအစို (၁)တန်လျှင် အမေရိကန်ဒေါ်လာ(၄၅၀)နှုန်းဖြင့်(၁၁၂)တန်၊ တန်ဖိုး(၅၀၄၀၀)ဒေါ်လာတို့ကို တင်ပို့နိုင်ခဲ့ပါကြောင်း သိရှိရပါသည်။ ငွေစျေးနှုန်းအနေဖြင့် (၁)ဒေါ်လာလျှင် (၁၀၈.၁၈)တာကာနှင့် (၁)တာကာလျှင်(၂၆.၇၀)ကျပ်ဖြစ်ကြောင်း သိရှိရသည်။
ကုန်ပစ္စည်းသယ်ယူစရိတ်မှာ ရန်ကုန်-စစ်တွေကားခမှာ ကုန်ကျစ်(၁)ပိဿာ (၃၅၀)ကျပ်နှင့် ကုန်ပွ (၁)ပိဿာလျှင် (၄၀၀-၄၅၀)ကျပ် ရှိကြောင်းသိရှိရပါသည်။ စစ်တွေ-တက္ကနဗ် သင်္ဘောတင်ခမှာ (၁)ပိဿာလျှင် ကုန်ကျစ် (၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ(၁၂၀)ကျပ်ခန့်ရှိကြောင်း သိရှိရသည်။
ရန်ကုန်-စစ်တွေ ကားလမ်းမှာ လမ်းတံတားခံနိုင်ဝန်အရ (၂၂)ဘီးကုန်ကားကြီးများ သွားလာနိုင်မှုမရှိဘဲ(၁၂)ဘီးနှင့် (၆)ဘီးယာဉ်များသာ သွားလာနိုင်ကြောင်း သိရှိရပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ့် နှစ်နိုင်ငံအကြား ရေမိုင်(၇၀)ခန့် ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်းအခြေအနေမှာ မိုးရာသီကာလအတွင်း ပင်လယ်ပြင် ရာသီဥတုအခြေအနေပေါ် မူတည်၍ကုန်တင်လှေများသွားလာလျက်ရှိသည်။