တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ၂၇-၆-၂၀၂၃ ရက်နေ့ ပို့ကုန်သွင်းကုန် ကုန်သွယ်နိုင်မှု အခြေအနေ

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် အများဆုံးပို့ကုန်ပစ္စည်းများမှာပြောင်း၊ လဖက်ခြောက်၊ ကတ္ထူစက္ကူတို့ တင်ပို့လျက်ရှိသည်။ ဈေးနှုန်းအနေဖြင့် ပြောင်းတစ်တန်လျှင် (၃၀၆)ဒေါ်လာ၊ လဖက်ခြောက်တစ်တန်လျှင် (၅၇၆)ဒေါ်လာ၊ ကတ္ထူစက္ကူတစ်တန်လျှင် (၁၁၃) ဒေါ်လာဖြစ်ပါသည်။ သယ်ယူစရိတ်အနေဖြင့် တောင်ကြီး-တာချီလိတ် ကုန်ကျစ်တစ်တန် (၁၅၀၀၀၀)ကျပ်၊ ကုန်ပွ(၁၇၀၀၀၀)ကျပ်နှင့် ကျိုင်းတုံ-တာချီလိတ် ကုန်ကျစ် တစ်တန် (၃၀၀၀၀)ကျပ်၊ ကုန်ပွတစ်တန် (၄၀၀၀၀)ကျပ် ဖြစ်သည်။ ၂၇-၆-၂၀၂၃ ရက်နေ့တွင် ပြောင်းတန်ချိန် (၇၈၀) တန်၊ တန်ဖိုး (၀.၂၄၂)ဒေါ်လာသန်း၊ လက်ဖက်ခြောက် တန်ချိန် (၃၃.၆) တန်၊ တန်ဖိုး (၀.၀၁၈)ဒေါ်လာသန်း၊ ကတ္ထူစက္ကူ (၂၄)တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့သည်။ တာချီလိတ် ကုန်သွယ်မှုလမ်းကြောင်းတစ်လျောက်ရှိ(၄)မိုင်ဂိတ်၊ တာကော်တံတားဂိတ်၊ ကျိုင်းတုံ (နောင်နွန်းဂိတ်)၊ မိုင်းဖြတ်ဂိတ်၊ ဝှေ့ရဲဂိတ်တို့မှ ပို့ကုန်ယာဉ်များအားကုန်ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ် (QR) စစ်ဆေး၍ ဆောင်ရွက်နေသည့်အတွက် ကုန်သွယ်မှုတွင်လွယ်ကူချောမွေ့လျက်ရှိပါသည်။ ငွေလဲနှုန်းအနေဖြင့် ကျပ်(၁)သိန်းလျှင်(၁၁၄၅)ဘတ်ဖြစ်ပေါ်ခဲ့သည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများတင်သွင်းလျက်ရှိရာအများဆုံးသွင်းကုန်ပစ္စည်း(၁၀)မျိုးမှာဘိလပ်မြေ၊ သံမဏိချောင်း၊ဓါတ်ဆီ၊ ကော်ပိုက်၊ မီးခံအုတ်၊ ဘိလပ်မြေမျက်နှာကျက်၊ ကြွေပြား၊ အုတ်၊ ကွန်ကရစ်အမိုးပြားတို့ တင်သွင်းလျက်ရှိသည်။ ဈေးနှုန်းအနေဖြင့် ဘိလပ်မြေတစ်တန်လျှင်(၇၉.၁၃)ဒေါ်လာ၊ သံချောင်းတစ်တန်လျှင်(၆၉၂.၄၈) ဒေါ်လာ၊ ဒီဇယ်ဆီတစ်တန်လျှင် (၇၈၂.၇၉)ဒေါ်လာ၊ ဓါတ်ဆီတစ်တန်လျှင်(၇၈၂.၆၁၁)ဒေါ်လာ၊ ကော်ပိုက်တစ်တန်လျှင် (၁၅၄၃.၁၅၇) ဒေါ်လာ၊ ကွန်ကရစ်အမိုးပြားတစ်တန်လျှင်(၂၃၇.၄၂)ဒေါ်လာဖြစ်သည်။ သယ်ယူစရိတ်အနေဖြင့် တာချီလိတ်မှ ကျိုင်းတုံသို့ ကုန်ကျစ်တစ်တန်လျှင် (၂၂၀၀၀)ကျပ်နှင့် ကုန်ပွတစ်တန်လျှင် (၃၀၀၀၀)ကျပ်ဖြစ်သည်။ ၂၇-၆-၂၀၂၃ ရက်နေ့တွင် ဘိလပ်မြေ (၆၅၅)တန်၊တန်ဖိုး (၀.၀၅၂)ဒေါ်လာသန်း၊ ဓါတ်ဆီ(၂၉၉ BBL)၊ တန်ဖိုး(၀.၀၃၁) ဒေါ်လာသန်း၊ ကွန်ကရစ်အမိုးပြား (၄၃.၅၂၅)တန်၊ တန်ဖိုး(၀.၀၁)ဒေါ်လာသန်း၊  ဘိလပ်မြေမျက်နှာကျက် (၆၀)တန်၊ တန်ဖိုး (၀.၀၁)ဒေါ်လာသန်း၊ ကြွေပြား(၂၀၁၅)m2၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း၊ သံမဏိချောင်း (၉.၀၂)တန်၊ တန်ဖိုး (၀.၀၀၆)ဒေါ်လာသန်း၊ ပလပ်စတစ်ပိုက်(၃.၈၉) တန်၊တန်ဖိုး (၀.၀၀၆)ဒေါ်လာသန်း၊ အုတ်(၂၉)တန်၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်းတို့တင်သွင်းခဲ့သည်။ ငွေလဲနှုန်းအနေဖြင့်ကျပ်(၁)သိန်းလျှင် (၁၁၄၅)ဘတ် ဖြစ်ပေါ်ခဲ့သည်။