မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုး နေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာ နှစ်စာရင်းများအရ ပင်လယ် ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇) သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၉-၆-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၃၁၁၉၃၇.၄၅၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၃၇.၄၅၀) သန်း၊ နယ်စပ်မှ (၃၃၀၅၄.၆၉၂) တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၃၀.၉၉၂) သန်း၊ စုစုပေါင်း (၃၄၄၉၉၂.၁၄၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၂၆၈.၄၄၂) သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၉-၆-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -  

 

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ ရေတွက်
ပုံ
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်
(၉-၆-၂၀၂၃) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၉၃.၈၀၅ ၀.၉၅၃ ၉၄.၇၅၈
ကီလို ၁၁၃၆၃၁.၀၃၅ ၈၈၉.၀၀၀ ၁၁၄၅၂၀.၀၃၅
  ပဲတီစိမ်း US$ ၇၄.၄၄၁ ၉.၆၆၂ ၈၄.၁၀၃
ကီလို ၁၁၃၀၂၇.၄၆၁ ၁၅၅၈၇.၅၀၇ ၁၂၈၆၁၄.၉၆၈
  ပဲတီစိမ်းလုံးခြမ်း US$      
ကီလို      
  ပဲစဉ်းငုံ US$ ၃၄.၉၉၆ ၀.၀၀၀ ၃၄.၉၉၆
ကီလို ၄၂၂၂၉.၀၃၀ ၀.၀၀၀ ၄၂၂၂၉.၀၃၀
  ကုလားပဲ US$ ၀.၃၃၅ ၀.၀၀၀ ၀.၃၃၅
ကီလို ၃၇၇.၃၁၅ ၀.၀၀၀ ၃၇၇.၃၁၅
  ပဲလွန်းဖြူ US$ ၇.၁၂၀ ၀.၃၀၉ ၇.၄၂၉
ကီလို ၁၁၅၃၃.၂၉၁ ၅၁၄.၅၀၀ ၁၂၀၄၇.၇၉၁
  မြေထောက်ပဲ US$ ၅.၉၁၁ ၂.၂၁၇ ၈.၁၂၈
ကီလို ၆၁၇၉.၀၆၉ ၁၆၉၅.၃၅၇ ၇၈၇၄.၄၂၆
  ထောပတ်ပဲ US$ ၉.၈၉၆ ၂.၂၅၇ ၁၂.၁၅၃
ကီလို ၁၀၁၈၂.၂၉၈ ၂၁၄၅.၁၅၆ ၁၂၃၂၇.၄၅၄
   ပဲယင်း US$ ၇.၅၁၀ ၂.၀၉၂ ၉.၆၀၂
ကီလို ၁၀၃၇၅.၈၄၀ ၂၅၂၀.၅၀၀ ၁၂၈၉၆.၃၄၀
  ၁၀ ပဲကြီး US$ ၁.၃၆၇ ၀.၂၉၆ ၁.၆၆၃
ကီလို ၁၃၅၀.၈၀၆ ၂၉၅.၅၀၀ ၁၆၄၆.၃၀၆
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၀.၇၈၇   ၀.၇၈၇
ကီလို ၁၂၅၈.၀၂၀   ၁၂၅၈.၀၂၀
  ၁၂ စွန်တာပြာ US$ ၀.၂၅၄ ၀.၂၁၅ ၀.၄၆၉
ကီလို ၃၉၆.၀၀၀ ၃၅၉.၅၀၀ ၇၅၅.၅၀၀
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၀.၀၀၀ ၀.၀၀၀
ကီလို   ၀.၀၀၀ ၀.၀၀၀
  ၁၄ ပဲဖြူလေး US$ ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
ကီလို ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
  ၁၅ ဘိုကိတ်ပဲ US$ ၀.၇၉၁ ၀.၀၀၀ ၀.၇၉၁
ကီလို ၁၂၃၄.၅၅၀ ၀.၀၀၀ ၁၂၃၄.၅၅၀
  ၁၆ ပဲပုတ်စေ့ US$ ၀.၀၀၄ ၀.၀၀၀ ၀.၀၀၄
ကီလို ၄.၇၄၀ ၀.၀၀၀ ၄.၇၄၀
  ၁၇ ပဲနီကြား US$   ၀.၂၈၇ ၀.၂၈၇
ကီလို   ၅၄၇.၀၀၀ ၅၄၇.၀၀၀
  ၁၈ နိုင်လွန်ပဲ US$   ၀.၃၀၃ ၀.၃၀၃
ကီလို   ၃၉၀.၀၀၀ ၃၉၀.၀၀၀
  ၁၉ မြေပဲ(အခွံပါ) US$      
ကီလို      
  ၂၀ မြေပဲဆံ US$ ၀.၂၃၀ ၁၂.၃၂၀ ၁၂.၅၅၀
ကီလို ၁၅၅.၀၀၀ ၇၉၇၆.၂၇၂ ၈၁၃၁.၂၇၂
  ၂၁ အခြားပဲ US$ ၀.၀၀၃ ၀.၀၈၁ ၀.၀၈၄
ကီလို ၃.၀၀၀ ၁၃၄.၄၀၀ ၁၃၇.၄၀၀
    ပဲတင်ပို့မှုစုစုပေါင်း US$ ၂၃၇.၄၅၀ ၃၀.၉၉၂ ၂၆၈.၄၄၂
ကီလို ၃၁၁၉၃၇.၄၅၅ ၃၃၀၅၄.၆၉၂ ၃၄၄၉၉၂.၁၄၇