ASEAN Indo – Pacific Forum ၌ ကျင်းပမည့်ပြပွဲသို့ မြန်မာနိုင်ငံမှ ပါဝင်ပြသရန်ဖိတ်ကြား

  အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ဂျကာတာမြို့၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့ အထိ ASEAN Indo- Pacific Forum ၌ ကျင်းပမည့် ပြပွဲသို့ မြန်မာနိုင်ငံမှ စီမံကိန်းများ ပါဝင်တက်ရောက်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။

  အဆိုပါဖိုရမ်၌ Green Infrastructure and Supply Chain ၊ Digital Transformation and Creative Economy နှင့် Sustainable and Innovative Financing ဟူ၍ ခေါင်းစဉ်ခွဲ ၃ ခုဖြင့် ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း၊ ခေါင်းစဉ်ခွဲ(၃)ခုနှင့်ပတ်သက်သည့် Panel discussion များ၊ Talk Show များပြုလုပ်၍ ဒေသတွင်း အခြေခံအဆောက်အဦ စီမံကိန်းများ ပါဝင်သည့် ပြပွဲတစ်ရပ်ကို ပြုလုပ်သွားမည်ဖြစ်ပြီး အာဆီယံအဖွဲ့များ၊ မိတ်ဖက်များအား ပြပွဲတွင် ပါဝင်ပြသရန် ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။

  အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီမံကိန်းများရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် moctradefair@myantrade.gov.mm ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သိရှိရသည်။