မောတောင်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ် မေလ ပထမအပတ်အတွင်း တင်ပို့/တင်သွင်းခဲ့မှုအခြေအနေ

    မောတောင်ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံဘက်သို့ သွင်းကုန်ထက် ပို့ကုန်တင်ပို့မှု ပိုမိုလျက် ရှိသော ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည်။

   မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ မေလ( ၁ )ရက်နေ့မှ( ၇ ) ရက်နေ့ အထိ ပထမအပတ်ကာလအတွင်း ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၁၇၂) ဒေါ်လာသန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၀၁၇)ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ(၀.၁၈၉) ဒေါ်လာ သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။

   မောတောင်ကုန်သွယ်ရေးစခန်းမှ အဓိကတင်ပို့နေသောကုန်ပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုဇွန်၊ ကဏန်း၊ ဓနိဖက်နှင့် တံမြက်စည်း တို့ဖြစ်ပြီး အဓိက တင်သွင်းနေသော ကုန်ပစ္စည်းများမှာ အသီးမျိုးစုံ၊ ငါးသေတ္တာဗူးခွံ နှင့် ပုဇွန်သားပေါက်တို့ဖြစ်သည်။