မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ ရခိုင်ငှက်ပျောတင်ပို့မှုအခြေအနေ

        ရခိုင်ငှက်ပျောကို မောတောင်မြို့ဒေသဝန်းကျင်တွင် အများအပြားစိုက်ပျိုးကြပြီး ယခုရာသီသည် ရခိုင်ငှက်ပျော လှိုင်လှိုင်ထွက်ရှိသောကာလဖြစ်သည်။

       ၂၀၂၃ ခုနှစ်၊ မေလ(၁)ရက်နေ့မှ(၃)ရက်နေ့အထိ မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံ ဘက်သို့ ရခိုင်ငှက်ပျောတန်(၅၅) ဝန်းကျင်ခန့် တင်ပို့နိုင်ခဲ့သည်။

       လက်ရှိပေါက်​ဈေးအနေဖြင့် ရခိုင်ငှက်ပျော (1 KG) လျှင် (၆)ဘတ် ဈေးရရှိပြီး တင်ပို့သူများအနေဖြင့် အကောက်ခွန်သက်သာခွင့်အကျိုးခံစားခွင့်(Form-D) ဖြင့်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။