ဘင္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၂၃ ဘဏ္ဍာနှစ်ဝက်အတွင်း သွင်းကုန်အတွက် LC ဖွင့်လှစ်မှု ဒေါ်လာ ၁၄ ဘီလီယံ ကျဆင်းမည်ဟု ခန့်မှန်း

          ဘင်္ဂလားဒေ့်ရှ်နိုင်ငံ၊ ဗဟိုဘဏ်၏ကန့်သတ်ချက်များကြောင့် ပို့ကုန်အမှာစာများ ကျဆင်းလျက် ရှိပြီးလက်ရှိဘဏ္ဍာနှစ်၏ပထမရှစ်လတွင်သွင်းကုန်အကြွေး (LC) သည်ကန်ဒေါ်လာ၁၄ဘီလီယံ ခန့်သို့မဟုတ်တစ်နှစ်ထက်တစ်နှစ်၂၃ဒသမ၄၅ရာခိုင်နှုန်းကျဆင်းမည်ဟုခန့်မှန်းထားရှိသည်။

ဘင်္ဂလားဒေ့ရှ်ဘဏ်၏အချက်အလက်များအရ အဆိုပါကာလအတွင်း ဒေါ်လာ ၄၅.၅၂ဘီလီယံ တန်ဖိုးရှိ LC များကိုဖွင့်လှစ်ခဲ့ပြီး လွန်ခဲ့သည့်တစ်နှစ်လျှင် ဒေါ်လာ၅၉.၄၆ဘီလီယံ ဖွင့်လှစ်ခဲ့ ကြောင်းသိရှိရသည်။

ဘဏ်ထိပ်တန်းအရာရှိများနှင့်သွင်းကုန်တင်သွင်းသူများ၏ပြောကြားချက်အရLC margin ကို 100% အထိမြှင့်တင်ခြင်းသည်ဒေါ်လာဈေးအကျပ်အတည်းကိုလျှော့ချရန်ဖြစ်ကြောင်း Dhaka Tribuneသတင်းတွင် ရေးသားဖော်ပြထားသည်။

https://www.dhakatribune.com/