မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုး နေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာ နှစ်စာရင်းများအရ ပင်လယ် ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇) သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၁-၄-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၆၆၀၂၄.၈၀၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၉.၅၆၃) သန်း၊ နယ်စပ်မှ (၁၁၃၉၃.၈၇၃) တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၁၀.၄၀၄) သန်း၊ စုစုပေါင်း (၇၇၄၁၈.၆၇၃) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၅၉.၉၆၇) သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၁-၄-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၂၁-၄-၂၀၂၃) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၁၇.၀၉၆ | ၀.၀၀၀ | ၁၇.၀၉၆ | |
ကီလို | ၂၂၁၈၃.၀၂၄ | ၀.၀၀၀ | ၂၂၁၈၃.၀၂၄ | |||
၂ | ပဲတီစိမ်း | US$ | ၁၃.၈၅၁ | ၃.၂၁၉ | ၁၇.၀၇၀ | |
ကီလို | ၂၀၅၃၇.၀၈၂ | ၄၉၃၃.၄၂၀ | ၂၅၄၇၀.၅၀၂ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
ကီလို | ||||||
၄ | ပဲစဉ်းငုံ | US$ | ၉.၅၁၇ | ၀.၀၀၀ | ၉.၅၁၇ | |
ကီလို | ၁၁၈၀၉.၅၃၀ | ၀.၀၀၀ | ၁၁၈၀၉.၅၃၀ | |||
၅ | ကုလားပဲ | US$ | ၀.၀၄၄ | ၀.၀၀၀ | ၀.၀၄၄ | |
ကီလို | ၄၆.၂၃၅ | ၀.၀၀၀ | ၄၆.၂၃၅ | |||
၆ | ပဲလွန်းဖြူ | US$ | ၂.၉၀၀ | ၀.၂၃၇ | ၃.၁၃၇ | |
ကီလို | ၄၇၅၅.၄၇၅ | ၃၉၃.၀၀၀ | ၅၁၄၈.၄၇၅ | |||
၇ | မြေထောက်ပဲ | US$ | ၁.၂၇၉ | ၀.၆၁၄ | ၁.၈၉၃ | |
ကီလို | ၁၀၃၀.၃၇၀ | ၄၆၉.၅၀၀ | ၁၄၉၉.၈၇၀ | |||
၈ | ထောပတ်ပဲ | US$ | ၂.၀၇၉ | ၁.၉၂၈ | ၄.၀၀၇ | |
ကီလို | ၂၁၇၉.၈၇၀ | ၁၈၇၅.၆၅၆ | ၄၀၅၅.၅၂၆ | |||
၉ | ပဲယင်း | US$ | ၂.၃၁၉ | ၀.၇၀၆ | ၃.၀၂၅ | |
ကီလို | ၂၈၀၈.၉၅၉ | ၇၆၂.၀၀၀ | ၃၅၇၀.၉၅၉ | |||
၁၀ | ပဲကြီး | US$ | ၀.၀၇၇ | ၀.၂၂၈ | ၀.၃၀၅ | |
ကီလို | ၇၆.၄၉၅ | ၂၂၇.၅၀၀ | ၃၀၃.၉၉၅ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၃၀၈ | ၀.၃၀၈ | ||
ကီလို | ၄၈၆.၀၂၀ | ၄၈၆.၀၂၀ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၀၅၉ | ၀.၀၀၀ | ၀.၀၅၉ | |
ကီလို | ၈၄.၀၀၀ | ၀.၀၀၀ | ၈၄.၀၀၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၁၀၄ | ၀.၁၀၄ | ||
ကီလို | ၁၇၂.၅၀၀ | ၁၇၂.၅၀၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၀.၀၀၂ | ၀.၀၀၀ | ၀.၀၀၂ | |
ကီလို | ၂.၀၀၀ | ၀.၀၀၀ | ၂.၀၀၀ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၀၄ | ၀.၀၀၀ | ၀.၀၀၄ | |
ကီလို | ၄.၇၄၀ | ၀.၀၀၀ | ၄.၇၄၀ | |||
၁၇ | ပဲနီကြား | US$ | ၀.၂၀၅ | ၀.၂၀၅ | ||
ကီလို | ၃၉၅.၀၀၀ | ၃၉၅.၀၀၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၀၆၅ | ၀.၀၆၅ | ||
ကီလို | ၈၄.၀၀၀ | ၈၄.၀၀၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ||||
ကီလို | ||||||
၂၀ | မြေပဲဆံ | US$ | ၀.၀၂၈ | ၃.၀၅၇ | ၃.၀၈၅ | |
ကီလို | ၂၁.၀၀၀ | ၂၀၁၃.၂၉၇ | ၂၀၃၄.၂၉၇ | |||
၂၁ | အခြားပဲ | US$ | ၀.၀၀၀ | ၀.၀၄၁ | ၀.၀၄၁ | |
ကီလို | ၀.၀၀၀ | ၆၈.၀၀၀ | ၆၈.၀၀၀ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၄၉.၅၆၃ | ၁၀.၄၀၄ | ၅၉.၉၆၇ | ||
ကီလို | ၆၆၀၂၄.၈၀၀ | ၁၁၃၉၃.၈၇၃ | ၇၇၄၁၈.၆၇၃ |