မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုး နေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာ နှစ်စာရင်းများအရ ပင်လယ် ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇) သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၃၁-၃-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇.၁၆၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၃) သန်း၊ နယ်စပ်မှ (၂၇၈၃၇၈.၉၃၃) တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၂၀၈.၇၈၈) သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆.၁၀၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၄၇၀.၆၆၁) သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၃၁-၃-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၃၁-၃-၂၀၂၃) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၅၂၂.၅၆၅ | ၉.၂၃၂ | ၅၃၁.၇၉၇ | |
| ကီလို | ၆၄၀၂၆၆.၂၂၀ | ၉၆၇၄.၀၁၀ | ၆၄၉၉၄၀.၂၃၀ | |||
| ၂ | ပဲတီစိမ်း | US$ | ၃၈၁.၈၅၆ | ၁၀၇.၂၃၃ | ၄၈၉.၀၈၉ | |
| ကီလို | ၅၃၂၁၄၉.၃၆၈ | ၁၅၉၂၄၉.၉၂၀ | ၆၉၁၃၉၉.၂၈၈ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
| ကီလို | ||||||
| ၄ | ပဲစဉ်းငုံ | US$ | ၁၈၆.၉၇၅ | ၀.၄၁၈ | ၁၈၇.၃၉၃ | |
| ကီလို | ၂၃၈၉၇၃.၂၃၃ | ၅၆၄.၅၀၀ | ၂၃၉၅၃၇.၇၃၃ | |||
| ၅ | ကုလားပဲ | US$ | ၁၃.၁၁၂ | ၀.၀၂၇ | ၁၃.၁၃၉ | |
| ကီလို | ၁၈၆၃၃.၈၆၄ | ၄၃.၀၀၀ | ၁၈၆၇၆.၈၆၄ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၃၅.၀၆၇ | ၄.၉၂၀ | ၃၉.၉၈၇ | |
| ကီလို | ၅၃၆၀၆.၃၇၄ | ၉၃၉၅.၄၁၆ | ၆၃၀၀၁.၇၉၀ | |||
| ၇ | မြေထောက်ပဲ | US$ | ၃၄.၇၇၆ | ၁၅.၅၃၄ | ၅၀.၃၁၀ | |
| ကီလို | ၄၀၆၅၂.၇၈၅ | ၁၈၇၇၂.၉၂၆ | ၅၉၄၂၅.၇၁၁ | |||
| ၈ | ထောပတ်ပဲ | US$ | ၂၀.၃၄၇ | ၆.၆၇၂ | ၂၇.၀၁၉ | |
| ကီလို | ၂၃၉၁၉.၅၂၂ | ၉၈၈၃.၄၅၆ | ၃၃၈၀၂.၉၇၈ | |||
| ၉ | ပဲယင်း | US$ | ၄၀.၇၁၇ | ၂၀.၀၅၄ | ၆၀.၇၇၁ | |
| ကီလို | ၅၆၃၅၄.၂၄၉ | ၂၈၃၁၈.၃၆၄ | ၈၄၆၇၂.၆၁၃ | |||
| ၁၀ | ပဲကြီး | US$ | ၃.၃၂၈ | ၂.၁၇၀ | ၅.၄၉၈ | |
| ကီလို | ၄၅၆၀.၂၈၄ | ၃၂၁၂.၆၇၀ | ၇၇၇၂.၉၅၄ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၃.၀၇၁ | ၃.၀၇၁ | ||
| ကီလို | ၄၇၂၅.၁၃၅ | ၄၇၂၅.၁၃၅ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၆၉၂ | ၀.၀၀၀ | ၀.၆၉၂ | |
| ကီလို | ၁၀၇၈.၇၀၀ | ၀.၀၀၀ | ၁၀၇၈.၇၀၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၁.၅၇၀ | ၁.၅၇၀ | ||
| ကီလို | ၂၇၁၀.၀၃၀ | ၂၇၁၀.၀၃၀ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၂၁၄ | ၀.၀၀၀ | ၀.၂၁၄ | |
| ကီလို | ၂၈၀.၆၈၅ | ၀.၀၀၀ | ၂၈၀.၆၈၅ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၁၅.၈၄၈ | ၀.၀၀၀ | ၁၅.၈၄၈ | |
| ကီလို | ၂၁၉၀၈.၈၄၇ | ၀.၀၀၀ | ၂၁၉၀၈.၈၄၇ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၀.၂၀၆ | ၀.၀၀၀ | ၀.၂၀၆ | |
| ကီလို | ၂၂၃.၅၁၀ | ၀.၀၀၀ | ၂၂၃.၅၁၀ | |||
| ၁၇ | ပဲနီကြား | US$ | ၂.၂၈၀ | ၂.၂၈၀ | ||
| ကီလို | ၅၅၂၀.၃၀၂ | ၅၅၂၀.၃၀၂ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၀.၈၇၂ | ၀.၈၇၂ | ||
| ကီလို | ၁၂၀၇.၄၀၇ | ၁၂၀၇.၄၀၇ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ||||
| ကီလို | ||||||
| ၂၀ | မြေပဲဆံ | US$ | ၂.၅၃၁ | ၃၇.၆၂၉ | ၄၀.၁၆၀ | |
| ကီလို | ၂၄၇၂.၂၄၀ | ၂၉၅၇၃.၉၃၂ | ၃၂၀၄၆.၁၇၂ | |||
| ၂၁ | အခြားပဲ | US$ | ၀.၅၆၈ | ၀.၁၇၇ | ၀.၇၄၅ | |
| ကီလို | ၉၇၂.၁၅၁ | ၂၅၃.၀၀၀ | ၁၂၂၅.၁၅၁ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၁၂၆၁.၈၇၃ | ၂၀၈.၇၈၈ | ၁၄၇၀.၆၆၁ | ||
| ကီလို | ၁၆၄၀၇၇၇.၁၆၇ | ၂၇၈၃၇၈.၉၃၃ | ၁၉၁၉၁၅၆.၁၀၀ | |||
