စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့်ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်နှင့် ရေထွက် ကုန်များဆက်တိုက်တင်ပို့လျှက်ရှိ

၂၀၂၃ ခုနှစ်၊ ဧပြီလ ၀၆ ရက်နေ့

အိမ်နီးချင်းနိုင်ငံဖြစ်သည့်  ဘင်္ဂလားဒေ့ရှ့်နိုင်ငံနှင့်မြန်မာနိုင်ငံတို့အကြားနယ်စပ်ဒေသမှတဆင့် ကုန်သွယ်မှုပြုရာတွင် ရခိုင်ပြည်နယ်ရှိစစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေး စခန်းတို့မှတဆင့် တဖက်နိုင်ငံတက္ကနဗ်မြို့သို့ ကုန်စည်များတင်ပို့၊ တင်သွင်းလျက်ရှိသည်။ 

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကိုတင်ပို့လျက်ရှိပြီး၊ ရင်းနှီးမြှပ်နှံမှု ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကိုတင်သွင်းလျက်ရှိသည်။

စစ်တွေကုန်သွယ်ရေးစခန်းမှ  ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့၂၀၂၃ခုနှစ်၊ မတ်လအတွင်း ဖေဖော်ဝါရီ လထက် လယ်ယာထွက်ကုန်ပစ္စည်းအမေရိကန်ဒေါ်လာ (၆၉၇၀၁၀)ဒေါ်လာနှင့် ရေထွက်ကုန် ပစ္စည်းအမေရိကန်ဒေါ်လာ( ၁၇၁၇၂၆)ဒေါ်လာဖိုးပိုမိုတင်ပို့နိုင်ခဲ့သည်။

ထိုသို့ပိုမိုခဲ့ခြင်းမှာလယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် မန်ကျည်းစေ့၊ ဆီးဖတ်၊ ဆီးသီး ခြောက်၊အုန်းသီးခြောက်၊အုန်းသီး၊ကွမ်းသီးနှင့် ချင်းအစိုတို့ ပိုမိုတင်ပို့နိုင်ခဲ့သလို ရေထွက်ကုန် ပစ္စည်းများဖြစ်သည့်ငါးစုံလေးခြောက်၊ ငါးနီတူခြောက်နှင့် ငါးသလောက်တို့ ပိုမိုတင်ပို့နိုင်ခဲ့ခြင်း ကြောင့်ဖြစ်သည်။