စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်များ ဆက်တိုက်တင်ပို့လျှက်ရှိ

Tue, 02/28/2023 - 04:38 -- DotBorderdep

     အိမ်နီးချင်းနိုင်ငံဖြစ်သည့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နယ်စပ်ဒေသမှတဆင့် ကုန်သွယ်မှုပြုရာတွင် ရခိုင်ပြည်နယ်ရှိစစ်တွေ ကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေး စခန်းတို့မှတဆင့် တဖက်နိုင်ငံတက္ကနဗ်မြို့သို့ ကုန်စည်များတင်ပို့၊ တင်သွင်းလျက်ရှိသည်။ 

    မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို တင်ပို့လျက်ရှိပြီး၊ ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကိုတင်သွင်းလျက်ရှိသည်။

    ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ ဆက်တိုက် တင်ပို့နိုင်ခဲ့ပြီးယခုအပတ်အတွင်း မန်ကျည်းစေ့၊ ဆီးဖတ်၊ မကျည်းဖတ်၊ ချင်းအစို၊ ကြက်သွန်ဖြူနှင့် စစ်တုံဥတို့ ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက လယ်ယာထွက်ကုန် (၁၃၃)တန်ကျော်  တန်ဖိုးအမေရိကန်ဒေါ်လာ (၂၀၆၃၈၅) ဒေါ်လာဖိုးပိုမိုခဲ့ သည်။ အကောက်ခွန်ဌာန၏ စာရင်းဇယားများအရ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ယခုအပတ်အတွင်း ကုန်ပစ္စည်းတင်သွင်းခြင်းမရှိကြောင်း သိရှိရသည်။

Border Trade News

Pages