မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုအတွက် လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှု (၂၁-၂-၂၀၂၃)

Thu, 02/23/2023 - 05:16 -- DotBorderdep

          ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကိုTradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါကခွင့်ပြုပေး လျက်ရှိသည်။ (၂၁-၂-၂၀၂၃)ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန်လိုင်စင် (၅၈)စောင် (၃.၄၂၅)ယွမ်သန်းတန်ဖိုးရှိသည့် စက်နှင့်စက်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ လိမ္မော်သီး၊ ပန်းသီး၊ ပန်းမျိုးစုံတို့ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ (၂၁)ရက်နေ့ထိ ပို့ကုန်လိုင်စင်(၁၂)စောင်နှင့်သွင်းကုန်လိုင်စင်(၅၀၀)စောင်ခွင့်ပြုထုတ်ပေးခဲ့ပါသည်။ (၂၁-၂-၂၀၂၃) ရက် နေ့တွင် အများဆုံးပို့ကုန်ပစ္စည်းများမှာပဲတီစိမ်း၊ မြေပဲဆံ၊ ဆန်ကွဲ၊ ဆန်၊ ဝါဂွမ်း၊ သခွားမွှေး၊ ဖရဲသီး၊ ငါးရှဉ့်၊ ကြက်သွန်နီ၊ ပဲယင်းတို့ဖြစ်ပြီးအများဆုံးသွင်းကုန်ပစ္စည်းများမှာစာရေးစက္ကူ၊ လိမ္မော်သီး၊ ပန်းသီး၊ သံချောင်း၊ ဘတ္ထရီ၊ ကော်မှုန့်၊ ဝါယာကြိုး၊ အသီးထည့်သည့်အိတ်၊ ပန်းသစ်တော်သီး၊ ပြည်တွင်း တပ်ဆင် ရေးလုပ်ငန်းတွင် အသုံးပြုသော SKD စနစ်ဖြင့် တင်သွင်းသည့်ဆိုင်ကယ်အင်ဂျင်အပိုပစ္စည်း တို့ဖြစ် သည်။

          မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဘက်နိုင်ငံသို့ တင်ပို့ ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ထုတ်ပေးသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကို တင်ပို့သူမှ တောင်းခံလာပါကစည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ (၂၁-၂-၂၀၂၃) ရက်နေ့တွင် Form E ထုတ်ပေးမှုမှာ (၂၉)စောင် ဖြစ်ပြီးရေခဲငါး ( ၂ )စောင်၊ ALUMINIUM INGOT ( ၂ )စောင်၊ ချဉ်ပေါင်ဖာလာ ( ၂ )စောင်၊ ကဏန်း ( ၅ )စောင်၊ ငါးရှဉ့် (၄)စောင်၊ ဆန်ကွဲ ( ၅ )စောင်၊ နေလဲစေ့ (၃)စောင်၊ ကြံ( ၃ )စောင်၊ ငါးလေးခြောက် ( ၁ )စောင်၊ပုဇွန်ဖွဲ (၂)စောင်တို့အားခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ (၂၁)ရက်နေ့အထိ Form E (၄၅၄)စောင်ထုတ်ပေးခဲ့သည်။

          (၂၁-၂-၂၀၂၃)ရက်နေ့တွင် ပို့ကုန်ယာဉ်စီးရေ (၃၂၂)စီး၊ သွင်းကုန်ယာဉ်စီးရေ (၉၀)စီး၊ စုစုပေါင်း (၄၁၂)စီးကုန်သွယ်မှုဆောင်ရွက်ခဲ့ပြီးယခုရက်ပိုင်းတွင် ပဲတီစိမ်း၊ မြေပဲဆံ၊ ဆန်ကွဲ၊ ဆန်၊ ဝါဂွမ်း၊ သခွားမွှေး၊ ဖရဲသီး၊ ငါးရှဉ့်၊ ကြက်သွန်နီ၊ ပဲယင်းအစရှိသည့် ပို့ကုန်ပစ္စည်းများ တင်ပို့လျက်ရှိသည်။ (၁-၂-၂၀၂၃ မှ ၂၁-၂-၂၀၂၃) ရက်နေ့အထိ ပို့ကုန်ယာဉ်စီးရေ (၄၉၇၃)စီး၊ သွင်းကုန်ယာဉ်စီးရေ (၁၃၅၉)စီး ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။

          မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကိုယွမ်ငွေကြေး၊ ဒေါ်လာငွေ ကြေးများဖြင့်ဆောင်ရွက်လျက်ရှိပါသည်။ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတို့ကို ဒေါ်လာငွေကြေးအပြင် ယွမ်ငွေကြေးဖြင့်ပါဆောင်ရွက်ခွင့်ပြုပြီးဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက် ပစ္စည်း ဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကို ယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိသည်။

          မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်းဈေးနှုန်းမှာ (၁)တန်လျှင် (၅၀၀၀-၅၇၀၀)ယွမ်၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၃၈၀-၂၄၈၀) ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၁၁၅၀၀-၁၂၀၀၀)ယွမ်၊ နှမ်းညို(၁)တန်လျှင် (၈၀၀၀-၈၅၀၀)ယွမ်၊ မြေပဲဆံ (၁)တန်လျှင် (၉၅၀၀-၉၇၀၀ )ယွမ်၊ ဆန် (ဧည့်မထ) ၂၅% (၁ )တန်လျှင် (၂၂၈၀ )ယွမ်၊ ဆန်ကွဲ (A 1-2) (၁)တန်လျှင် (၂၅၂၀ )ယွမ်၊ ရော်ဘာ RSS-3(၁)တန် လျှင် (၇၀၀၀-၇၅၀၀)ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရှိရသည်။

          ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့်ပစ္စည်းများ၏ တန်ဖိုး အတိုင်းတစ်ဖက်နိုင်ငံ ဝယ်ယူသည့် ကုန်ဝယ်သူမှပေးချေသည့် ကုန်ဖိုးငွေကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အတိုင်း ဘဏ်စနစ်ဖြင့် ပို့ကုန်ရငွေများ ဝင်ရောက်နိုင်ရေးဆောင်ရွက်ရန် လိုအပ်ပါသည်။

Border Trade News

Pages