Good Agricultural Practices (GAP) အသိအမှတ်ပြုလက်မှတ် ပထမဆုံးရရှိသည့် ဘင္ဂလားဒေ့ရှ် လယ်ယာလုပ်ငန်းကုမ္ပဏီ

Thu, 02/02/2023 - 06:04 -- DotBorderdep

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်

     ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် AR Malikလယ်ယာလုပ်ငန်းကုမ္ပဏီသည်  Global Good Agricultural Practices (GAP) ထံမှ ပထမဦးဆုံး Good Agricultural Practices (GAP) အသိအမှတ်ပြု လက်မှတ်ရရှိသည့် လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် အဖွဲ့အစည်းဖြစ်ကြောင်းပြီးခဲ့သည့် အင်္ဂါနေ့ က Dhaka Tribune သတင်းစာတွင် ရေးသားဖော်ပြထားသည်။

1969 ခုနှစ်ကတည်းက Malik Seeds သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဟင်းသီးဟင်းရွက်နှင့် အာလူး စိုက်ပျိုးသူများအား အရည်အသွေးမီမျိုးစေ့များ ပံ့ပိုးပေးသည့် ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ် ကြောင်း ရေးသားဖော်ပြထားသည်။

Malik Farms မှ ဟင်းသီးဟင်းရွက် (၄)မျိုးနှင့် သစ်သီး(၁)မျိုးအတွက် GlobalGAP အသိ အမှတ်ပြုလက်မှတ်ရရှိခဲ့ကြောင်း AR Malik Seeds ၏ မူဝါဒနှင့်ဖွံ့ဖြိုးတိုးတက်ရေး အကြီး အကဲဖြစ်သူ Mr. Sadequl Islam က ပြောကြားခဲ့သည်။

    GAP အသိအမှတ်ပြုခံရသော  Malik Seeds မှ လယ်ယာထုတ်ကုန်(၅)မျိုးမှာ ရွှေဖရုံသီး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကြက်ဟင်းခါးနဲ့ သရက်သီးတို့ဖြစ်ပြီး အခြားလယ်ယာထုတ်ကုန် (၇)မျိုး အတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း Malik Seeds ၏ မန်နေဂျင်း ဒါရိုက်တာ Mr. AtausSopan Malik ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

    ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ့်နိုင်ငံ၊ ဒါကာ၌ ကျင်းပပြုလုပ်သော GAP အသိအမှတ်ပြု လက်မှတ်လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားတွင် “ယခုကဲ့သို့ AR MalikFarms မှ GAP လက်မှတ်ရရှိခြင်းဖြင့် နိုင်ငံတွင်းရှိပြည်သူများအတွက် စားနပ်ရိက္ခာဘေးကင်းအောင် ထုတ်လုပ်နိုင်စေရန်နှင့် ဥရောပနှင့် အမေရိကန်နိုင်ငံများသို့ စိုက်ပျိုးရေးထွက်ကုန်များတင်ပို့ ရောင်းချမှုနယ်ပယ်ကို ကျယ်ပြန့်လာစေရန်အတွက်ပါ  အလေးပေးဆောင်ရွက်ရန်” လိုအပ် ကြောင်း အခမ်းအနားတက်ရောက်လာသည့် ကျွမ်းကျင်ပညာရှင်များကပြောကြားခဲ့ကြကြောင်း ကိုလည်းရေးသားဖော်ပြခဲ့သည်။

   ဥရောပဈေးကွက်သို့ ဘေးကင်းသောအော်ဂဲနစ် စိုက်ပျိုးရေးထုတ်ကုန်များတိုးမြှင့် တင်ပို့နိုင် ရေးအတွက်  အဓိကထားကြိုးစားရမည်ဖြစ်သောကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် GAP စံချိန်နှင့်ကိုက်ညီသည့် စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးကြိုးပမ်းသွားကြရန် လိုအပ် ကြောင်းလည်း ၎င်းတို့ကဆက်လက်ပြောကြားခဲ့သည်။ 

   Malik Seeds ၏ မန်နေဂျင်းဒါရိုက်တာMr. AtausSopan Malik က ဤဆုသည် ကုမ္ပဏီ ဝန်ထမ်းများအားလုံ၏ ပူးပေါင်းကြိုးစားအားထုတ်မှုကြောင့် ရရှိလာသောရလဒ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တန်ဖိုးမြင့် ဟင်းသီးဟင်းရွက်ထုတ်လုပ်ရေး ကွင်းဆက်တစ်ခု ရေရှည် တည်တံ့အောင် စုပေါင်းလုပ်ဆောင်ဖို့ လိုအပ်ပါကြောင်းလည်း ၎င်းကဆက်လက်ပြောကြား ခဲ့သည်။

    စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရောင်းချရာတွင် စျေးကွက်ရရှိရန် အစိုးရနှင့်ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကကဏ္ဍ၊ မီဒီယာများနှင့် တောင်သူလယ်သမားများ၏ ပံ့ပိုးကူညီမှုများလိုအပ်နေသေး ကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

    Malik Seeds ကုမ္ပဏီသည် တောင်သူ ၁,၀၀၀ နီးပါးနှင့် ကန်ထရိုက်စနစ်ဖြင့် စိုက်ပျိုးလုပ်ကိုင် နေပြီး တိုးချဲ့ဆောင်ရွက်သွားမည်ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

   GlobalGAP ကိုစစ်ဆေးစိစစ်၍ ထုတ်ပေးလျှက်ရှိသော Control Union ၏မန်နေးဂျင်းဒ ါရိုက်တာMr. Fakhrul Islam Khan က Control Union သည် နိုင်ငံပေါင်း 80 တွင် စမ်းသပ်ဓာတ်ခွဲခန်း ၃၄ ခုဖြင့် ဆောင်ရွက်နေသည်မှာ နှစ်ပေါင်း ၁၂၀ အကြာရှိပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယခု Global GAP အသိအမှတ်ပြုလက်မှတ်ရရှိတဲ့

International Trade News

Pages

Border Trade News

Pages