မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုး နေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာ နှစ်စာရင်းများအရ ပင်လယ် ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇) သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၂၀-၁-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၁၈၀၈၂၉.၂၈၈)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၉၃၀.၇၇၁) သန်း၊ နယ်စပ်မှ (၁၇၀၈၀၄.၀၈၉) တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၁၂၀.၈၀၇) သန်း၊ စုစုပေါင်း (၁၃၅၁၆၃၃.၃၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၀၅၁.၅၇၈) သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၂၀-၁-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၂၀-၁-၂၀၂၃) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၄၅၃.၅၆၀ | ၈.၃၈၆ | ၄၆၁.၉၄၆ | |
| ကီလို | ၅၅၀၄၂၀.၅၆၀ | ၈၈၀၇.၀၁၀ | ၅၅၉၂၂၇.၅၇၀ | |||
| ၂ | ပဲတီစိမ်း | US$ | ၂၄၈.၆၁၂ | ၇၂.၃၂၀ | ၃၂၀.၉၃၂ | |
| ကီလို | ၃၃၁၅၇၉.၀၈၁ | ၁၀၄၈၆၉.၆၃၉ | ၄၃၆၄၄၈.၇၂၀ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
| ကီလို | ||||||
| ၄ | ပဲစဉ်းငုံ | US$ | ၁၁၄.၇၉၉ | ၀.၂၅၂ | ၁၁၅.၀၅၁ | |
| ကီလို | ၁၄၅၉၉၆.၆၅၂ | ၃၆၁.၅၀၀ | ၁၄၆၃၅၈.၁၅၂ | |||
| ၅ | ကုလားပဲ | US$ | ၁၂.၇၆၁ | ၀.၀၂၇ | ၁၂.၇၈၈ | |
| ကီလို | ၁၈၂၃၃.၉၅၆ | ၄၃.၀၀၀ | ၁၈၂၇၆.၉၅၆ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၂၀.၈၅၃ | ၁.၈၇၁ | ၂၂.၇၂၄ | |
| ကီလို | ၂၉၉၆၅.၃၉၆ | ၄၁၇၁.၂၅၃ | ၃၄၁၃၆.၆၄၉ | |||
| ၇ | မြေထောက်ပဲ | US$ | ၂၆.၆၄၆ | ၈.၄၉၈ | ၃၅.၁၄၄ | |
| ကီလို | ၃၃၇၂၁.၀၂၂ | ၁၃၁၂၅.၄၆၁ | ၄၆၈၄၆.၄၈၃ | |||
| ၈ | ထောပတ်ပဲ | US$ | ၁၈.၀၁၄ | ၃.၁၀၅ | ၂၁.၁၁၉ | |
| ကီလို | ၂၁၃၉၆.၇၄၂ | ၅၇၀၀.၃၅၇ | ၂၇၀၉၇.၀၉၉ | |||
| ၉ | ပဲယင်း | US$ | ၁၆.၂၆၅ | ၄.၇၉၂ | ၂၁.၀၅၇ | |
| ကီလို | ၂၂၈၅၆.၈၇၅ | ၉၇၉၆.၉၁၀ | ၃၂၆၅၃.၇၈၅ | |||
| ၁၀ | ပဲကြီး | US$ | ၃.၁၉၀ | ၁.၂၅၈ | ၄.၄၄၈ | |
| ကီလို | ၄၄၃၂.၃၈၆ | ၂၃၀၀.၄၂၀ | ၆၇၃၂.၈၀၆ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၂.၇၆၉ | ၂.၇၆၉ | ||
| ကီလို | ၄၂၃၅.၁၃၅ | ၄၂၃၅.၁၃၅ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၆၀၂ | ၀.၀၀၀ | ၀.၆၀၂ | |
| ကီလို | ၉၂၅.၇၀၀ | ၀.၀၀၀ | ၉၂၅.၇၀၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၁.၁၉၇ | ၁.၁၉၇ | ||
| ကီလို | ၂၀၉၈.၅၃၀ | ၂၀၉၈.၅၃၀ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၁၈၂ | ၀.၀၀၀ | ၀.၁၈၂ | |
| ကီလို | ၂၅၆.၆၈၅ | ၀.၀၀၀ | ၂၅၆.၆၈၅ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၉.၇၄၃ | ၀.၀၀၀ | ၉.၇၄၃ | |
| ကီလို | ၁၃၅၉၆.၅၉၇ | ၀.၀၀၀ | ၁၃၅၉၆.၅၉၇ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၆၅ | ၀.၀၀၀ | ၀.၀၆၅ | |
| ကီလို | ၆၉.၅၁၀ | ၀.၀၀၀ | ၆၉.၅၁၀ | |||
| ၁၇ | ပဲနီကြား | US$ | ၁.၉၅၁ | ၁.၉၅၁ | ||
| ကီလို | ၄၈၈၇.၄၀၂ | ၄၈၈၇.၄၀၂ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၀.၅၀၃ | ၀.၅၀၃ | ||
| ကီလို | ၆၅၉.၈၇၀ | ၆၅၉.၈၇၀ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ||||
| ကီလို | ||||||
| ၂၀ | မြေပဲဆံ | US$ | ၂.၁၆၀ | ၁၆.၆၄၇ | ၁၈.၈၀၇ | |
| ကီလို | ၂၁၈၉.၂၄၀ | ၁၃၉၈၂.၇၃၇ | ၁၆၁၇၁.၉၇၇ | |||
| ၂၁ | အခြားပဲ | US$ | ၀.၅၅၀ | ၀.၀၀၀ | ၀.၅၅၀ | |
| ကီလို | ၉၅၃.၇၅၁ | ၀.၀၀၀ | ၉၅၃.၇၅၁ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၉၃၀.၇၇၁ | ၁၂၀.၈၀၇ | ၁၀၅၁.၅၇၈ | ||
| ကီလို | ၁၁၈၀၈၂၉.၂၈၈ | ၁၇၀၈၀၄.၀၈၉ | ၁၃၅၁၆၃၃.၃၇၇ | |||
