လွယ်ဂျယ်နယ်စပ် ကုန်စည်စီးဆင်းမှုအခြေအနေ

        ၂၂-၁-၂၀၂၃ရက်နေ့မှာ လယ်ယာထွက်ကုန်အနေဖြင့် ဆန်ကားစီးရေ (၄)စီး၊ တန်ချိန် (၁၂၉.၅၀)တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်းနဲ့ ဆန်ကွဲကားစီးရေ (၄)စီး၊ တန်ချိန် (၁၂၉.၅၀)တန်၊ တန်ဖိုး (၀.၀၄၈) ဒေါ်လာသန်း၊ စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၉၈)သန်း တင်ပို့နိုင်ခဲ့သည်။ တစ်ဖက်နိုင်ငံမှ ဆေးဝါးနှင့်ဆေးပစ္စည်း ကားစီးရေ(၁)စီး၊ အရေအတွက် (၂၁၂၉၆၀)U၊ တန်ဖိုး (၀.၀၃၆) ဒေါ်လာသန်း၊ ဓါတ်မြေဩဇာ ကားစီးရေ(၁)စီး၊ တန်ချိန် (၃၂.၅၀)တန်၊ တန်ဖိုး (၀.၀၀၈)ဒေါ်လာသန်း၊ ကုန်စုံကားစီးရေ (၁)စီး၊ တန်ချိန် (၃.၇၀)တန်၊ (၆၅)U၊ (၈၀၀)PR၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း စုစုပေါင်းတန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၅၂)သန်း တင်သွင်းနိုင်ခဲ့ပါသည်။ တစ်ဖက်နိုင်ငံတွင် တရုတ်ရိုးရာနှစ်သစ်ကူး ပွဲတော်ရက်သည် (၂၂-၁-၂၀၂၃) ရက်နေ့ဖြစ်၍ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းအနေဖြင့် တစ်ဖက်နိုင်ငံမှ ကျန်းဖုန်းဂိတ်အား ၂၁-၁-၂၀၂၃ မှ ၂၃-၁-၂၀၂၃ ထိ အဝင်အထွက် စီးဆင်းမှု ခေတ္တရပ်ထားမှု ရှိခဲ့သည်။