ကန်ပိုက်တီကုန်သွယ်ရေးစခန်း၏ ငှက်ပျောထုပ်ပိုးပစ္စည်း တင်သွင်းမှုအခြေအနေ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

ကန်ပိုက်တီကုန်သွယ်ရေးစခန်းတွင် အဓိကတင်ပို့လျက်ရှိသော တစ်သျှူးငှက်ပျောများအား စနစ်တကျထုပ်ပိုးတင်ပို့နိုင်ရန်အတွက် ထုပ်ပိုးပစ္စည်းများအား တစ်ဖက်တရုတ်နိုင်ငံမှ ယာယီစနစ် (Temporary Admission) ဖြင့် တင်သွင်းလျက်ရှိရာ တစ်ရက်လျှင်ပျမ်းမျှယာဉ်စီးရေ (၃၅ စီးမှ ၄၀ စီး) ခန့်အထိ တင်သွင်းလျက်ရှိပါသည်။ အဆိုပါ ထုတ်ပိုးပစ္စည်းများသည် ကချင်ပြည်နယ်အတွင်း စိုက်ပျိုးလျက်ရှိသော တစ်သျှူးငှက်ပျောများအား အရည်အသွေးကျဆင်းမှုမရှိအောင် စနစ်တကျ ထုပ်ပိုးတင်ပို့နိုင်ရန်ဖြစ်ပါသည်။  ယခုတစ်ပတ်အတွင်း တစ်ရက်ထက်တစ်ရက် ယာယီထုပ်ပိုး ပစ္စည်းများ ပိုမိုတင်သွင်းလာကြောင်းတွေ့ရှိမှုအရ တစ်သျှူးငှက်ပျောများ ယခုရာသီအတွင်း ပိုမို တင်ပို့လာနိုင်မည်ဖြစ်ကြောင်း သုံးသပ်ရရှိပါသည်။