ကန်ပိုက်တီကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ကုန်သွယ်မှုအခြေအနေ

Tue, 01/10/2023 - 07:55 -- DotBorderdep

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်

ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ တစ်ဖက်တရုတ်နိုင်ငံသို့ ဇန်နဝါရီလ (၇) ရက်နေ့အထိကုန်သွယ်မှုအနေဖြင့် ပို့ကုန် (၂.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၄၂၇) ဒေါ်လာသန်းဖြင့် စုစုပေါင်း(၂.၄၂၇) ဒေါ်လာသန်း ကုန်သွယ်မှုပြုနိုင်ခဲ့ပါသည်။ ပို့ကုန်ပိုင်းတွင် အဓိကအားဖြင့် တစ်သျှူးငှက်ပျော၊ ငရုတ်၊ ဖရဲနှင့် ဖရုံတို့ တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်တင်သွင်းမှုအပိုင်းတွင် Empty Cargo Container များ၊ စက်နှင့်စက်ပစ္စည်းများ၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ချုပ်ပြီးအဝတ်အထည်များနှင့် အခြားလူသုံးကုန်ပစ္စည်းများ ပိုမိုတင်သွင်းနိုင်ခဲ့ပြီး ယခင်တစ်ပတ်ထက်လည်း ကုန်သွယ်မှုပမာဏ ပိုမိုခဲ့ပါသည်။

Border Trade News

Pages