ထိုင်းဈေးကွက်တွင် ဝယ်လိုအားကောင်းလာသည့် ရေခူ

Tue, 01/10/2023 - 07:24 -- DotBorderdep

၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ ၁၀ ရက်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၊ ပထမပတ်အတွင်း မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံဘက်သို့ ရေခူဆားနယ်(Salted Jelly Fish) တင်ပို့မှုများရှိလာသည်ကိုတွေ့ရှိရသည်။

ယခုရာသီသည် ရေခူ အများအပြားထွက်ရှိသည့်ကာလဖြစ်ပြီး မြိတ်၊ ဘုတ်ပြင်းနှင့်ထားဝယ်ဒေသ တို့မှ အဓိကထွက်ရှိကြောင်း ကုန်တင်ပို့သူများထံမှ သိရှိရသည်။

လက်ရှိတွင် ရေခူဆားနယ် (၁)ကီလို လျှင် (၈၃) ဘတ် ဝန်းကျင်ခန့်ဈေးဖြင့် တင်ပို့ရောင်းချနေရပြီး ယခုနှစ် ဇန်နဝါရီလ ပထမအပတ်အတွင်း မောတောင်ကုန်သွယ်ရေးစခန်းမှ ရေခူဆားနယ်(၅၃၂၀၀) ကီလို ထိ ထိုင်းဈေးကွက်သို့ တင်ပို့နိုင်ခဲ့သည်။

Border Trade News

Pages