ဒီဇင်ဘာလနောက်ဆုံးအပတ်တွင် စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့နိုင်မှု အ​ြေခအနေ

Thu, 01/05/2023 - 06:53 -- DotBorderdep

     မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ့်သို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ရေထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကိုပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတဆင့် စဉ်ဆက်မပြတ်တင်ပို့လျက်ရှိသည်။

    အဆိုပါကုန်ပစ္စည်းများကို မြန်မာနိုင်ငံဘက်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံ၊ တက္ကနဗ်မြို့သို့ တင်ပို့လျက်ရှိရာဒီဇင်ဘာလနောက်ဆုံးအပတ်တွင်  မန်ကျဉ်းစေ့၊ ဆီးဖတ်၊ အုန်းသီးခြောက်၊ ချင်း(အစို)နှင့် စစ်တုံဥတို့အပြင် ငါမုတ်ဖြူ၊ ငါမုတ်မဲ၊ ငါးနီတူခြောက်တို့ကို အမေရိကန်ဒေါ်လာသန်းပေါင်း (၀.၂၃၀၇) ဒေါ်လာသန်း တင်ပို့ခဲ့သည်။

    ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့အဆိုပါကုန်ပစ္စည်းများတင်ပို့ခဲ့သည့် တန်ဖိုးမှာယခင်အပတ်နှင့် နှိုင်းယှဉ်ပါက (၀.၀၁၂၃) ဒေါ်လာသန်းပိုမိုတင်ပို့ခဲ့သည်။

Border Trade News

Pages