မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုအတွက် လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှု (၃-၁-၂၀၂၃)

Thu, 01/05/2023 - 06:32 -- DotBorderdep

       ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေး လျက်ရှိသည်။ ၃-၁-၂၀၂၃ ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန် လိုင်စင် (၁၇)စောင် (၂.၅၂၄)ယွမ်သန်းတန်ဖိုးရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ပန်းသီးနှင့် လိမ္မော်သီး အစရှိသည်တို့ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ မှ  (၃)ရက်နေ့ထိ ပို့ကုန်လိုင်စင် ( - )စောင်နှင့် သွင်းကုန်လိုင်စင် (၃၄)စောင် ခွင့်ပြုထုတ်ပေးခဲ့ပါသည်။ (၃-၁-၂၀၂၃) ရက်နေ့တွင် အများဆုံးပို့ကုန်ပစ္စည်းများ မှာ ကဏန်း၊ နှမ်း၊ ဖရဲသီး၊ ဆန်၊ ဆန်ကွဲ၊ ငါးရှဉ့်နှင့် ကြံတို့ဖြစ်ပြီး အများဆုံး သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ၊ တယ်လီဖုန်းနှင့်ဆက်သွယ်ရေးပစ္စည်းများ၊ ပန်းသီး၊ လိမ္မော်သီး၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ လျှပ်စစ်မီးသီးနှင့် မီးချောင်းများနှင့် အခြားလူသုံးကုန်ပစ္စည်းတို့ဖြစ်သည်။

         မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဘက်နိုင်ငံသို့ တင်ပို့ ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ထုတ်ပေး သော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကို တင်ပို့သူမှ တောင်းခံလာပါက စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ ၃-၁-၂၀၂၃ ရက်နေ့တွင် Form E ထုတ်ပေးမှုမှာ (၂၉) စောင် ဖြစ်ပြီး  ALUMINIUM INGOT (၁)စောင်၊ ငါးရှဉ့် (၃)စောင် ၊ ကဏန်း (၈)စောင်၊ ပုစွန်ခြောက် (၁)စောင်၊ ဆန် (၁) စောင်၊ ဆန်ကွဲ (၁၄)စောင်၊ ရွှေဖယုံသီး (၁) စောင်၊ တန်ဖိုး (၄.၃၈၆)ယွမ်သန်း၊ (၀.၀၄၃)ဒေါ်လာသန်း တို့အား ခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ  (၃)ရက်နေ့အထိ Form E ( ၉၈ ) စောင် ထုတ်ပေးခဲ့သည်။

          ၃-၁-၂၀၂၂ ရက်နေ့တွင် ပို့ကုန်ယာဉ်စီးရေ (၁၄၇) စီး၊ သွင်းကုန်ယာဉ်စီးရေ (၄၁) စီး စုစုပေါင်း (၁၈၈)စီး ကုန်သွယ်မှုဆောင်ရွက်ခဲ့ပြီး ယခုရက်ပိုင်းတွင် ဆန်၊ ဆန်ကွဲ၊ နှမ်း၊ ဖရဲသီး၊ သခွားသီး၊ ရွှေဖယုံသီး၊ ငါးရှဉ့်နှင့် ကဏန်းအစရှိသည့် ပို့ကုန်ပစ္စည်းများ တင်ပို့လျက်ရှိပါသည်။ ( ၁-၁-၂၀၂၃ မှ ၃-၁-၂၀၂၃ )ရက်နေ့အထိ ပို့ကုန်ယာဉ်စီးရေ ( ၅၄၁ )စီး၊ သွင်းကုန်ယာဉ်စီးရေ ( ၁၁၄ )စီး ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။

          မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကို ယွမ်ငွေကြေး၊ ဒေါ်လာငွေကြေးများ ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ပဲ၊ ပြောင်း၊ နှမ်း ၊ မြေပဲဆံ တို့ကို ဒေါ်လာငွေကြေး အပြင် ယွမ်ငွေကြေးဖြင့် ပါ ဆောင်ရွက်ခွင့်ပြုပြီး ဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများ နှင့် ရေထွက်ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကို ယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိသည်။

          မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်း ဈေးနှုန်းမှာ ရွှေလီဈေးနှုန်း (၁)တန်လျှင် (၄၉၆၀-၄၅၆၀)ယွမ် ၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၂၅၀-၂၃၀၀)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၈၅၀၀-၁၀၅၀၀)ယွမ် ၊ နှမ်းဖြူ (၁)တန်လျှင် (၉၀၀၀-၁၀၀၀၀)ယွမ် ၊ မြေပဲဆံ (၁)တန်လျှင် (၉၀၀၀-၉၅၀၀)ယွမ်၊ ဆန် (ဧည့်မထ) ၂၅% (၁) တန်လျှင် (၂၂၈၀) ယွမ်၊ ဆန်ကွဲ (A 1-2) (၁)တန်လျှင် (၂၅၂၀) ယွမ်၊ ရာဘာ RSS-3 (၁)တန်လျှင် (၁၀၀၀၀-၁၀၃၀၀) ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်းသိရှိရသည်။

          ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့်ပစ္စည်းများ၏ တန်ဖိုး အတိုင်းတစ်ဖက်နိုင်ငံ ဝယ်ယူသည့် ကုန်ဝယ်သူမှ ပေးချေသည့် ကုန်ဖိုးငွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အတိုင်း ဘဏ်စနစ်ဖြင့် ပို့ကုန်ရငွေများ ဝင်ရောက်နိုင်ရေးဆောင်ရွက်ရန် လိုအပ်သည်။

Border Trade News

Pages