ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တင်ပို့မှုအခြေအနေ

Tue, 01/03/2023 - 06:00 -- DotBorderdep

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းသည် တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် လက်ရှိကာလတွင် ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ကြံ၊ လက်ဘက်ခြောက်၊ နှမ်းဖြူ၊ နှမ်းနက်နှင့် မြေပဲဆံတို့ကို အဓိက ထားတင်ပို့လျက် ရှိသည်။ ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံ၏ ဘိန်းအစားထိုးသီးနှံပါမစ်ခွင့်ပြုချက်ဖြင့် ကြံရာသီ ရောက်ရှိ လာပြီ ဖြစ်သည့်အတွက် ကြံတင်ပို့မှုများလည်းများပြားလာလျက်ရှိသည်။ ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှချင်းရွှေဟော်သို့ ယခုအပတ်တွင် ပို့ကုန်တစ်တန် လျှင် (၇၀၀၀၀) ကျပ်ရှိကြောင်းသိရှိရသည်။ လယ်ယာထွက်ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းများမှာဧည့်မထဆန် (၃၇၂) ဒေါ်လာနှုန်း၊ ဆန်ကွဲမှာ (၃၅၀) ဒေါ်လာနှုန်း၊ ပြောင်းမှာ (၃၀၀) ဒေါ်လာနှုန်း၊ ကြံမှာ (၅၀) ဒေါ်လာနှုန်း၊ လက်ဘက်ခြောက်မှာ (၂၀၀) ဒေါ်လာနှုန်း၊ နှမ်းဖြူမှာ (၁၄၂၅) ဒေါ်လာ၊ နှမ်းနက်မှာ (၁၂၀၀) ဒေါ်လာရှိခဲ့ပြီး၊ မြေပဲဆံ (၁၃၀၀) ဒေါ်လာရှိခဲ့ကြောင်း သိရှိရသည်။

Border Trade News

Pages