ကော့သောင်းကုန်သွယ်ရေးစခန်းမှ ရေထွက်ပစ္စည်းတင်ပို့မှု သိသာစွာလျော့ကျ

Tue, 01/03/2023 - 05:53 -- DotBorderdep

     ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ခရုနှင့် ငါးမှုန့် တို့ဖြစ်သည်။

    ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ ရေထွက်ပစ္စည်းအမှန်တင်ပို့နိုင်မှုမှာ တန်ချိန် ၂၆၆၅၇၃၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၂ဒသမ၇၉၆ သန်း ဖြစ်သည်။ ၂၀၂၁-၂၀၂၂ (Mini- Budget) ကာလ၌ တန်ချိန် ၁၆၁၂၀၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၀ဒသမ၃၀၁ သန်း တင်ပို့နိုင်ခဲ့သည်။

   ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ရေထွက်ပစ္စည်းတန်ချိန် ၂၄၃၃၀၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄ဒသမ၄၈၃ သန်း တင်ပို့နိုင်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် တန်ချိန် ၁၄၀၂၂၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ဒသမ၈၇၂ သန်းသာ တင်ပို့နိုင်ခဲ့သည်။ ကော့သောင်းဒေသမှ ရေထွက်ပစ္စည်း နိုင်ငံတော်ဗဟိုဘဏ် ပေါက်စျေးအတိုင်း ရရှိကြသဖြင့် တွက်ချေမကိုက်၍ ငါးဖမ်းမထွက်ကြတော့ ကြောင်း ငါးတင်ပို့သည့် လုပ်ငန်းရှင် တစ်ဦးထံမှသိရသည်။

 

Border Trade News

Pages