ဘင္ဂလားဒေ့ရှ်သို့ တင်ပို့လျက်ရှိသောအုန်းသီး

Thu, 12/29/2022 - 08:55 -- DotBorderdep

၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့

     မောင်တောကုန်သွယ်ရေးစခန်းမှ လယ်ယာထွက်ကုန်ပစ္စည်းတစ်မျိုးဖြစ်သည့် အုန်းသီးများအား ပြည်ပ ပို့ကုန်အဖြစ် မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့သည်။

     ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) (၆) လတာကာလအတွင်းအုန်းသီးတန်ချိန် (၂၀၆) တန်၊ တန်ဖိုး (၀.၀၈၂) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပြီး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလ မှ စက်တင်ဘာလ အထိ) အုန်းသီးတန်ချိန် (၃၁၉) တန်၊ တန်ဖိုး (၀.၁၂၈) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ကာလထက် (၀.၀၄၆) ဒေါ်လာသန်းပိုမိုတင်ပို့နိုင်ခဲ့သည်။

Border Trade News

Pages