ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Thu, 12/29/2022 - 08:33 -- DotBorderdep

    ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းသည် တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် လက်ရှိကာလတွင် ဆန်ကွဲ၊ RUBBER R.S.S (3)၊နှံစားပြောင်း၊Concentrate Latex 60% DRC (ရော်ဘာကြမ်း)၊ပြောင်းတို့ကိုအဓိကထားတင်ပို့လျက်ရှိပါသည်။ ယခုရက်ပိုင်းအတွင်းတရုတ်နိုင်ငံ၏ ဘိန်းအစားထိုးသီးနှံပါမစ်ခွင့်ပြုချက်ဖြင့် ပြောင်းနှင့် ကြံရာသီရောက်ရှိလာပြီဖြစ်သည့်အတွက်ကြံတင်ပို့မှုများလည်းများပြားလာလျက်ရှိပါသည်။ကြံရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် (၅-၁၁-၂၀၂၂) ရက်နေ့တွင် စတင်စမ်းသပ်တင်ပို့ခဲ့ပြီးကြံတင်ပို့မှုတိုးတက်များပြားလာလျက်ရှိပါသည်။ ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှချင်းရွှေဟော်သို့ ယခုအပတ်တွင် ပို့ကုန်တစ်တန် လျှင် (၇၀၀၀၀) ကျပ်ရှိကြောင်းသိရှိရပါသည်။ လယ်ယာထွက်ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းများမှာဆန်ကွဲမှာ (၃၆၄) ဒေါ်လာနှုန်း၊ ဧည့်မထဆန် (၃၇၈) ဒေါ်လာနှုန်း၊ ပဲတီစိမ်းမှာ (၈၃၅) ဒေါ်လာ၊ နှမ်းဖြူမှာ (၁၅၀၀) ဒေါ်လာ၊ နှမ်းနက်မှာ (၁၄၀၀) ဒေါ်လာ၊ နှမ်းညိုမှာ (၁၄၀၀) ဒေါ်လာရှိခဲ့ပြီး၊ မြေပဲဆံ (၁၄၀၀) ဒေါ်လာရှိခဲ့ကြောင်း သိရှိရပါသည်။

   ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ သွင်းကုန်တင်သွင်းမှုအနေဖြင့် နိုဝင်ဘာလအတွင်းစားသောက်ကုန်၊ ဆေးနှင့်ဆေးဝါးပစ္စည်းများ၊ လယ်ယာသုံးပစ္စည်းတို့ကိုအဓိကတင်သွင်းလျက်ရှိပါသည်။ ယခုတစ်ပတ်အတွင်းသံပိုက်၊နန်းခွေ၊ဓာတ်မြေဩဇာ၊ အချိုမှုန့်၊ စောင်၊ ဆပ်ပြာကုန်ကြမ်းတို့ကိုအများဆုံးတင်သွင်းနိုင် ခဲ့ပြီးအပင်ပိုးသတ်ဆေးများ၊ကြွေပြား၊စက်ဘီးအပိုပစ္စည်းများ၊စက်အပိုပစ္စည်းများ၊ကြက်အူချောင်း၊ စတီးချိုင့်၊စတီးလင်ဗန်း၊စတီးဇွန်း/ခက်ရင်း၊စတီးဇလုံ၊စတီးခွက်၊ ကော်စေ့များစသည့် လူသုံးကုန်ပစ္စည်းများ၊ ဆေးနှင့်ဆေးဝါးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ပန်းသီး၊ လိမ္မော်သီး၊ သစ်တော်သီး၊ ပန်းသစ်တော်သီး၊ စပျစ်သီး၊ တည်သီးတို့ကိုလည်းတင်သွင်းနိုင်ခဲ့ပါသည်။ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့်ပြည်သူလူထုအတွက် အဓိကလိုအပ်သောပစ္စည်းများအားအခြားနယ်စပ်စခန်းများနည်းတူချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှလည်းတင်သွင်းဖြည့်ဆည်းလျက်ရှိသည်။ လက်ရှိကာလတွင် ချင်းရွှေဟော်မြို့၏ ဒေသပေါက်ဈေးအရယွမ်ငွေ ၁ ယွမ် လျှင် ၄၀၅ကျပ်၊ ၄၁၀ကျပ်ဝန်းကျင် ဖြစ်ပေါ်လျက်ရှိပြီးငွေလဲနှုန်းပြောင်းလဲမှုအရစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းဈေးနှုန်းအနည်းငယ် ပြောင်းလဲမှုရှိသည်။

Border Trade News

Pages