မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၁၁-၁၁-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၈၁၈၀၁၅.၇၉၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၅၉.၈၂၂)သန်း၊ နယ်စပ်မှ (၁၄၈၂၄၈.၆၁၉)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀၀.၈၅၄)သန်း၊ စုစုပေါင်း (၉၆၆၂၆၄.၄၁၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၇၆၀.၆၇၆)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၁၁-၁၁-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၁၁-၁၁-၂၀၂၂) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၂၉၀.၆၆၅ | ၇.၅၂၅ | ၂၉၈.၁၉၀ | |
| ကီလို | ၃၄၃၂၃၃.၂၀၅ | ၇၈၆၈.၀၁၀ | ၃၅၁၁၀၁.၂၁၅ | |||
| ၂ | ပဲတီစိမ်း | US$ | ၂၀၆.၉၉၅ | ၆၇.၅၆၅ | ၂၇၄.၅၆၀ | |
| ကီလို | ၂၆၅၉၂၁.၈၂၉ | ၉၆၃၆၈.၂၇၉ | ၃၆၂၂၉၀.၁၀၈ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
| ကီလို | ||||||
| ၄ | ပဲစဉ်းငုံ | US$ | ၆၂.၉၈၈ | ၀.၁၇၉ | ၆၃.၁၆၇ | |
| ကီလို | ၇၈၁၄၀.၇၂၁ | ၂၆၃.၅၀၀ | ၇၈၄၀၄.၂၂၁ | |||
| ၅ | ကုလားပဲ | US$ | ၁၂.၅၄၁ | ၀.၀၂၆ | ၁၂.၅၆၇ | |
| ကီလို | ၁၇၉၄၄.၃၇၆ | ၄၃.၀၀၀ | ၁၇၉၈၇.၃၇၆ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၁၆.၈၆၆ | ၁.၆၂၁ | ၁၈.၄၈၇ | |
| ကီလို | ၂၃၂၀၆.၉၁၆ | ၃၇၀၃.၇၅၃ | ၂၆၉၁၀.၆၆၉ | |||
| ၇ | မြေထောက်ပဲ | US$ | ၂၄.၀၀၂ | ၈.၁၄၀ | ၃၂.၁၄၂ | |
| ကီလို | ၃၀၃၃၅.၃၄၄ | ၁၂၈၁၂.၄၆၁ | ၄၃၁၄၇.၈၀၅ | |||
| ၈ | ထောပတ်ပဲ | US$ | ၁၆.၄၁၄ | ၃.၀၆၂ | ၁၉.၄၇၆ | |
| ကီလို | ၁၉၀၇၆.၈၃၂ | ၅၆၃၂.၈၅၀ | ၂၄၇၀၉.၆၈၂ | |||
| ၉ | ပဲယင်း | US$ | ၁၄.၂၂၂ | ၃.၆၅၂ | ၁၇.၈၇၄ | |
| ကီလို | ၁၉၂၆၃.၀၄၂ | ၇၇၁၇.၆၀၀ | ၂၆၉၈၀.၆၄၂ | |||
| ၁၀ | ပဲကြီး | US$ | ၃.၁၂၄ | ၁.၂၅၇ | ၄.၃၈၁ | |
| ကီလို | ၄၃၇၁.၄၄၆ | ၂၃၀၀.၄၂၀ | ၆၆၇၁.၈၆၆ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၂.၃၅၀ | ၂.၃၅၀ | ||
| ကီလို | ၃၅၆၇.၁၃၅ | ၃၅၆၇.၁၃၅ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၅၅၂ | ၀.၀၀၀ | ၀.၅၅၂ | |
| ကီလို | ၈၄၁.၇၀၀ | ၀.၀၀၀ | ၈၄၁.၇၀၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၁.၀၅၇ | ၁.၀၅၇ | ||
| ကီလို | ၁၈၅၇.၅၃၀ | ၁၈၅၇.၅၃၀ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၁၈၂ | ၀.၀၀၀ | ၀.၁၈၂ | |
| ကီလို | ၂၅၆.၆၈၅ | ၀.၀၀၀ | ၂၅၆.၆၈၅ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၆.၉၁၆ | ၀.၀၀၀ | ၆.၉၁၆ | |
| ကီလို | ၉၂၅၄.၇၁၀ | ၀.၀၀၀ | ၉၂၅၄.၇၁၀ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၆၅ | ၀.၀၀၀ | ၀.၀၆၅ | |
| ကီလို | ၆၉.၅၁၀ | ၀.၀၀၀ | ၆၉.၅၁၀ | |||
| ၁၇ | ပဲနီကြား | US$ | ၁.၇၉၁ | ၁.၇၉၁ | ||
| ကီလို | ၄၅၄၄.၂၅၀ | ၄၅၄၄.၂၅၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၀.၄၇၀ | ၀.၄၇၀ | ||
| ကီလို | ၆၁၅.၆၀၀ | ၆၁၅.၆၀၀ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ||||
| ကီလို | ||||||
| ၂၀ | မြေပဲဆံ | US$ | ၁.၃၉၈ | ၄.၅၀၉ | ၅.၉၀၇ | |
| ကီလို | ၁၅၈၇.၆၀၀ | ၄၅၂၁.၃၆၆ | ၆၁၀၈.၉၆၆ | |||
| ၂၁ | အခြားပဲ | US$ | ၀.၅၄၂ | ၀.၀၀၀ | ၀.၅၄၂ | |
| ကီလို | ၉၄၄.၇၄၆ | ၀.၀၀၀ | ၉၄၄.၇၄၆ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၆၅၉.၈၂၂ | ၁၀၀.၈၅၄ | ၇၆၀.၆၇၆ | ||
| ကီလို | ၈၁၈၀၁၅.၇၉၇ | ၁၄၈၂၄၈.၆၁၉ | ၉၆၆၂၆၄.၄၁၆ | |||
