မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၁၂-၈-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၄၆၁၄၄၈.၂၀၁)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၆၉.၀၈၉)သန်း၊ နယ်စပ်မှ (၁၃၉၇၇၇.၉၆၇)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၉၄.၁၆၆)သန်း၊ စုစုပေါင်း (၆၀၁၂၂၆.၁၆၈) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၆၃.၂၅၅)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၁၂-၈-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၁၂-၈-၂၀၂၂) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၁၁၁.၈၀၇ | ၅.၉၀၃ | ၁၁၇.၇၁၀ | |
| ကီလို | ၁၃၃၃၄၃.၈၀၄ | ၆၃၃၉.၅၁၀ | ၁၃၉၆၈၃.၃၁၄ | |||
| ၂ | ပဲတီစိမ်း | US$ | ၁၅၉.၈၄၀ | ၆၄.၁၃၂ | ၂၂၃.၉၇၂ | |
| ကီလို | ၁၉၈၇၈၈.၂၁၂ | ၉၁၃၉၃.၄၄၃ | ၂၉၀၁၈၁.၆၅၅ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
| ၄ | ပဲစဉ်းငုံ | US$ | ၁၅.၂၅၁ | ၀.၁၇၉ | ၁၅.၄၃၀ | |
| ကီလို | ၂၀၃၈၆.၆၀၂ | ၂၆၃.၅၀၀ | ၂၀၆၅၀.၁၀၂ | |||
| ၅ | ကုလားပဲ | US$ | ၁၁.၈၉၄ | ၀.၀၂၇ | ၁၁.၉၂၁ | |
| ကီလို | ၁၇၁၂၂.၅၃၈ | ၄၃.၀၀၀ | ၁၇၁၆၅.၅၃၈ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၁၁.၅၆၄ | ၁.၁၉၈ | ၁၂.၇၆၂ | |
| ကီလို | ၁၅၅၂၉.၁၀၀ | ၃၀၂၅.၇၅၃ | ၁၈၅၅၄.၈၅၃ | |||
| ၇ | မြေထောက်ပဲ | US$ | ၁၉.၆၀၈ | ၈.၀၁၉ | ၂၇.၆၂၇ | |
| ကီလို | ၂၆၁၉၉.၉၉၆ | ၁၂၇၁၂.၄၆၁ | ၃၈၉၁၂.၄၅၇ | |||
| ၈ | ထောပတ်ပဲ | US$ | ၁၄.၈၉၅ | ၃.၀၀၂ | ၁၇.၈၉၇ | |
| ကီလို | ၁၇၁၈၈.၈၀၂ | ၅၅၅၉.၃၅၀ | ၂၂၇၄၈.၁၅၂ | |||
| ၉ | ပဲယင်း | US$ | ၁၂.၁၈၇ | ၃.၂၉၀ | ၁၅.၄၇၇ | |
| ကီလို | ၁၆၅၂၇.၄၈၃ | ၇၁၈၀.၈၅၀ | ၂၃၇၀၈.၃၃၃ | |||
| ၁၀ | ပဲကြီး | US$ | ၂.၉၅၆ | ၁.၂၅၈ | ၄.၂၁၄ | |
| ကီလို | ၄၁၇၁.၅၂၀ | ၂၃၀၀.၄၂၀ | ၆၄၇၁.၉၄၀ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၅၄၈ | ၁.၅၄၈ | ||
| ကီလို | ၂၁၈၈.၉၃၅ | ၂၁၈၈.၉၃၅ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၃၁၆ | ၀.၀၀၀ | ၀.၃၁၆ | |
| ကီလို | ၄၆၀.၇၀၀ | ၀.၀၀၀ | ၄၆၀.၇၀၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၉၉၅ | ၀.၉၉၅ | ||
| ကီလို | ၁၇၅၆.၅၃၀ | ၁၇၅၆.၅၃၀ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၁၈၂ | ၀.၀၀၀ | ၀.၁၈၂ | |
| ကီလို | ၂၅၆.၆၈၅ | ၀.၀၀၀ | ၂၅၆.၆၈၅ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၅.၁၂၆ | ၀.၀၀၀ | ၅.၁၂၆ | |
| ကီလို | ၆၇၄၆.၉၁၀ | ၀.၀၀၀ | ၆၇၄၆.၉၁၀ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၆၃ | ၀.၀၀၀ | ၀.၀၆၃ | |
| ကီလို | ၆၆.၀၀၀ | ၀.၀၀၀ | ၆၆.၀၀၀ | |||
| ၁၇ | ပဲနီကြား | US$ | ၁.၅၆၅ | ၁.၅၆၅ | ||
| ကီလို | ၄၀၈၉.၂၅၀ | ၄၀၈၉.၂၅၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၀.၆၇၉ | ၀.၆၇၉ | ||
| ကီလို | ၁၀၃၈.၆၀၀ | ၁၀၃၈.၆၀၀ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ၀.၀၂၇ | ၀.၀၂၇ | ||
| ကီလို | ၃၅.၈၅၀ | ၃၅.၈၅၀ | ||||
| ၂၀ | မြေပဲဆံ | US$ | ၁.၃၁၄ | ၃.၈၉၂ | ၅.၂၀၆ | |
| ကီလို | ၁၅၂၇.၆၀၀ | ၄၀၃၉.၄၅၀ | ၅၅၆၇.၀၅၀ | |||
| ၂၁ | အခြားပဲ | US$ | ၀.၅၃၈ | ၀.၀၀၀ | ၀.၅၃၈ | |
| ကီလို | ၉၄၃.၃၁၄ | ၀.၀၀၀ | ၉၄၃.၃၁၄ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၃၆၉.၀၈၉ | ၉၄.၁၆၆ | ၄၆၃.၂၅၅ | ||
| ကီလို | ၄၆၁၄၄၈.၂၀၁ | ၁၃၉၇၇၇.၉၆၇ | ၆၀၁၂၂၆.၁၆၈ | |||
