မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၂၂-၇-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၃၉၉၇၃၁.၀၃၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၁၅.၈၁၅)သန်း၊ နယ်စပ်မှ (၁၃၉၅၇၉.၉၆၇)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၉၄.၀၀၅)သန်း၊ စုစုပေါင်း (၅၃၉၃၁၁.၀၀၄) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၀၉.၈၂၀)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၂၂-၇-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၂၂-၇-၂၀၂၂) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၈၇.၇၂၁ | ၅.၈၇၆ | ၉၃.၅၉၇ | |
| ကီလို | ၁၀၇၆၂၄.၄၉၁ | ၆၃၀၇.၅၁၀ | ၁၁၃၉၃၂.၀၀၁ | |||
| ၂ | ပဲတီစိမ်း | US$ | ၁၄၅.၄၉၉ | ၆၃.၉၉၅ | ၂၀၉.၄၉၄ | |
| ကီလို | ၁၈၁၅၁၃.၁၃၃ | ၉၁၂၂၇.၄၄၃ | ၂၇၂၇၄၀.၅၇၆ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
| ၄ | ပဲစဉ်းငုံ | US$ | ၅.၈၄၃ | ၀.၁၇၈ | ၆.၀၂၁ | |
| ကီလို | ၇၉၅၁.၅၉၉ | ၂၆၃.၅၀၀ | ၈၂၁၅.၀၉၉ | |||
| ၅ | ကုလားပဲ | US$ | ၁၁.၇၀၁ | ၀.၀၂၇ | ၁၁.၇၂၈ | |
| ကီလို | ၁၆၈၆၀.၅၉၈ | ၄၃.၀၀၀ | ၁၆၉၀၃.၅၉၈ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၉.၈၁၄ | ၁.၁၉၉ | ၁၁.၀၁၃ | |
| ကီလို | ၁၃၄၁၉.၃၅၀ | ၃၀၂၅.၇၅၃ | ၁၆၄၄၅.၁၀၃ | |||
| ၇ | မြေထောက်ပဲ | US$ | ၁၈.၅၁၅ | ၈.၀၂၀ | ၂၆.၅၃၅ | |
| ကီလို | ၂၅၁၅၈.၂၁၄ | ၁၂၇၁၂.၄၆၁ | ၃၇၈၇၀.၆၇၅ | |||
| ၈ | ထောပတ်ပဲ | US$ | ၁၄.၄၀၃ | ၃.၀၀၃ | ၁၇.၄၀၆ | |
| ကီလို | ၁၆၆၄၂.၇၀၂ | ၅၅၅၉.၃၅၀ | ၂၂၂၀၂.၀၅၂ | |||
| ၉ | ပဲယင်း | US$ | ၁၁.၈၀၉ | ၃.၂၉၂ | ၁၅.၁၀၁ | |
| ကီလို | ၁၆၀၆၉.၈၈၆ | ၇၁၈၀.၈၅၀ | ၂၃၂၅၀.၇၃၆ | |||
| ၁၀ | ပဲကြီး | US$ | ၂.၉၂၇ | ၁.၂၅၇ | ၄.၁၈၄ | |
| ကီလို | ၄၁၄၂.၀၃၀ | ၂၃၀၀.၄၂၀ | ၆၄၄၂.၄၅၀ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၅၄၈ | ၁.၅၄၈ | ||
| ကီလို | ၂၁၈၈.၉၃၅ | ၂၁၈၈.၉၃၅ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၂၆၂ | ၀.၀၀၀ | ၀.၂၆၂ | |
| ကီလို | ၃၇၆.၇၀၀ | ၀.၀၀၀ | ၃၇၆.၇၀၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၉၉၅ | ၀.၉၉၅ | ||
| ကီလို | ၁၇၅၆.၅၃၀ | ၁၇၅၆.၅၃၀ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၁၈၂ | ၀.၀၀၀ | ၀.၁၈၂ | |
| ကီလို | ၂၅၆.၆၈၅ | ၀.၀၀၀ | ၂၅၆.၆၈၅ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၃.၆၉၆ | ၀.၀၀၀ | ၃.၆၉၆ | |
| ကီလို | ၄၉၅၁.၂၀၀ | ၀.၀၀၀ | ၄၉၅၁.၂၀၀ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၆၃ | ၀.၀၀၀ | ၀.၀၆၃ | |
| ကီလို | ၆၆.၀၀၀ | ၀.၀၀၀ | ၆၆.၀၀၀ | |||
| ၁၇ | ပဲနီကြား | US$ | ၁.၇၇၄ | ၁.၇၇၄ | ||
| ကီလို | ၄၅၁၂.၂၅၀ | ၄၅၁၂.၂၅၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၀.၄၇၁ | ၀.၄၇၁ | ||
| ကီလို | ၆၁၅.၆၀၀ | ၆၁၅.၆၀၀ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ၀.၀၉၁ | ၀.၀၉၁ | ||
| ကီလို | ၁၁၁.၂၅၀ | ၁၁၁.၂၅၀ | ||||
| ၂၀ | မြေပဲဆံ | US$ | ၁.၃၁၉ | ၃.၈၂၇ | ၅.၁၄၆ | |
| ကီလို | ၁၅၉၆.၆၀၀ | ၃၉၆၄.၀၅၀ | ၅၅၆၀.၆၅၀ | |||
| ၂၁ | အခြားပဲ | US$ | ၀.၅၁၃ | ၀.၀၀၀ | ၀.၅၁၃ | |
| ကီလို | ၉၁၂.၉၁၄ | ၀.၀၀၀ | ၉၁၂.၉၁၄ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၃၁၅.၈၁၅ | ၉၄.၀၀၅ | ၄၀၉.၈၂၀ | ||
| ကီလို | ၃၉၉၇၃၁.၀၃၇ | ၁၃၉၅၇၉.၉၆၇ | ၅၃၉၃၁၁.၀၀၄ | |||
