ဂျပန်နိုင်ငံတွင် ယန်းငွေတန်ဖိုး ကျဆင်းလာခြင်းနှင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် မတ်လအတွင်းကုန်သွယ်မှုလိုငွေ ၄၂၁ ဒသမ ၄ ဘီလီယံခန့်ရှိခဲ့

လောင်စာဆီ၊  စားနပ်ရိက္ခာနှင့် အခြား လိုအပ်သည့် ကုန်ပစ္စည်းများ တင်သွင်းရာတွင် ကုန်ကျစရိတ်များ ပိုမိုမြင့်တက်လာခြင်းကြောင့် ကြိုတင်မျှော်မှန်းထားသည်ထက် ကုန်သွယ်မှု လိုငွေပြမှုကို ဖြစ်ပေါ်ခဲ့ကြောင်း ဂျပန်အစိုးရမှ ထုတ်ပြန်ခဲ့ခြင်းကြောင့် ဂျပန်ယန်းငွေတန်ဖိုး ကျဆင်းလာမှုအပေါ် စီးပွားရေးလုပ်ငန်းရှင်များ အကြား ပိုမိုစိုးရိမ်လာကြသည်။ မတ်လအတွက် ဂျပန်နိုင်ငံ၏ ကုန်သွယ်မှု လိုငွေပြမှုမှာ ယန်း ၄၂၁ ဘီလီယံကျော် (အမေ ရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ) ရှိပြီး ယခင် လကထက်  ယန်း ၆၇၀ ဘီလီယံကျော် လျော့နည်း ခဲ့သော်လည်း လွန်ခဲ့သည့် တစ်နှစ်ကျော် ၂၀၂၀ ပြည့်နှစ်တွင်  ကုန်သွယ်မှုပိုငွေတန်ဖိုး ယန်း ၆၁၅ ဘီလီယံရရှိခဲ့မှုနှင့် နှိုင်းယှဉ်ပါက ဆန့်ကျင် ဘက် အနေအထားအဖြစ် လျော့ကျခဲ့ကြောင်း စီးပွား ရေးသုတေသီများ၏  သုံးသပ်ချက်အရ သိရ သည်။ ယန်းငွေတန်ဖိုး ကျဆင်းလာခြင်းသည် ဂျပန်ပြည်ပပို့ကုန် တင်ပို့သူများအတွက် ယှဉ်ပြိုင် မှုကိုဖြစ်ပေါ်စေပြီး ဒေါ်လာမှ ယန်းငွေသို့ လဲလှယ် ရာတွင် အမြတ်အစွန်းများ ရရှိစေသည်။ သို့သော် ပြည်တွင်းစားသုံးသူများနှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများအတွက် ကုန်ကျစရိတ်များကိုလည်း တိုးမြင့်လာစေသည်။ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီး unichi Suzuki  နှင့် အခြားသော အကြီးအကဲများသည် ဒေါ်လာဈေး  အဆမတန် မြင့်တက်လာခြင်း အတွက် စိုးရိမ်ကြောင်းနှင့် ငွေလဲနှုန်း ပြောင်းလဲမှု များမှာ စီးပွားရေးလုပ်ငန်းများအတွက် ဆိုးကျိုး များကို ဖြစ်ပေါ်စေကြောင်း ပြောဆိုခဲ့သည်။ ကိုရိုနာဗိုင်းရပ် ကူးစက်မှုများ လျော့ကျ လာပြီးနောက် ကမ္ဘာ့နိုင်ငံများအကြား ခရီးသွား လာမှုနှင့် စီးပွားရေးဆိုင်ရာ ကူးလူးဆက်နွှယ်မှု ဆိုင်ရာ ကန့်သတ်ချက်များ လျှော့ချပြီးနောက်ပိုင်း မတ်လတွင် ဂျပန်နိုင်ငံ၏ သွင်းကုန်တင်သွင်းမှု များမှာ ၃၁ ရာခိုင်နှုန်း မြင့်တက်လာသော်လည်း ပို့ကုန်တင်ပို့မှုများမှာ ၁၅ ရာခိုင်နှုန်းခန့်သာ မြင့်တက်လာကြောင်း သိရသည်။ ဂျပန်နိုင်ငံ၏ သွင်းကုန်ပမာဏအားလုံးသည် ဂျပန်၏ စီးပွား ရေး ဆောင်ရွက်ချက်များအားလုံး၏ ငါးပုံတစ်ပုံ ထက် လျော့နည်းသော်လည်း အဓိကတင်သွင်း သည့် ကုန်ပစ္စည်းများမှာ နိုင်ငံ၏ စီးပွားရေး အတွက် အရေးပါသည့် ရေနံ၊ သဘာဝဓာတ်ငွေ့ နှင့် ကျောက်မီးသွေးတို့ဖြစ်ကြသည်။ ရေနံ၊  သဘာဝဓာတ်ငွေ့နှင့် ကျောက်မီး သွေး စသည့်ကုန်ပစ္စည်းများ အားလုံးတင်သွင်းမှု ကုန်ကျစရိတ်သည် ပြီးခဲ့သည့်နှစ် မတ်လကထက် ၈၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပြီး စားသောက် ကုန် တင်သွင်းမှုတွင် ၂၂ရာခိုင်နှုန်းနှင့် ဓာတု ဗေဒပစ္စည်းများ တင်သွင်းမှုတွင် ၄၂ ရာခိုင်နှုန်း ကျော် မြင့်တက်လာခဲ့သည်။တစ်ချိန်တည်းမှာပင် ဂျပန်နိုင်ငံ၏ မော် တော်ယာဉ်တင်ပို့မှုမှာ ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ပြည်ပသို့တင်ပို့ခဲ့သည့် မော်တော် ယာဉ်အရေအတွက်မှာ  ၁၄ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။ မော်တော်ယာဉ် ထုတ်လုပ်သူ များနှင့် အခြားစက်ပစ္စည်း  ထုတ်လုပ်သူများ သည် ကူးစက်ရောဂါ၏ သက်ရောက်မှုကြောင့် ထုတ်လုပ်မှုတွင် အရေးပါသည့် ကွန်ပျူတာချိပ်စ် ပြားများ (chips)  ပြတ်လပ် မှုကြောင့် အချို့သော ကုန်ထုတ်လုပ်ငန်းများမှာ ရပ်ဆိုင်းထားရသည်။ 
ရင်းမြစ်။  Japan today
နန္ဒာဝင်း(စီးပွားရေးသံမှူး)မြန်မာသံရုံး၊ တိုကျိုမြို့