အရာထမ်းများအတွက်အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၂)
၁။ ကုန်သွယ်ရေးဦးစီးဌာနရှိ၊ ဌာနတွင်း အရာထမ်းများအတွက် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) Basic English Grammer and Speaking Course အား (၃-၁၀-၂၀၂၂) ရက်နေ့ ၊ နေ့လယ် (၁၄ : ဝဝ) နာရီ အချိန်တွင် သင်တန်း စတင်ဖွင့်လှစ် ခဲ့ပါသည်။
၂။ အဆိုပါ သင်တန်း မစတင်ခင် အချိန်တွင် ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် တို့သည် သင်တန်းတက်ရောက်လာသည့် သင်တန်းသားများကို တွေ့ဆုံအားပေးခဲ့ပြီး ညွှန်ကြားရေး မှူးချုပ်မှ အမှာစကား ပြောကြားခဲ့ပါသည်။
၃။ အဆိုပါသင်တန်းကို (၃-၁၀-၂၀၂၂) ရက်နေ့မှ (၂၈-၁၁-၂၀၂၂) ရက်နေ့အထိ ရက်သတ္တပတ် (၁) ပတ်လျှင် တနင်္လာနေ့နှင့်အင်္ဂါနေ့ (၂) ရက် နေ့လယ် (၁၄:ဝဝ) နာရီမှ (၁၅ : ၃၀) နာရီအထိ ရက်သတ္တပတ် (၈) ပတ်ကြာ ဝန်ထမ်းများ အင်္ဂလိပ်ဘာသာစကား အရည်အချင်း တိုးတက်စေရန် ရည်ရွယ်၍ Covid-19 ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာညွှန်ကြားချက် ၊ စည်းကမ်း ချက်များနှင့်အညီ သင်တန်းဖွင့်လှစ်သွားမှာ ဖြစ်ပြီး သင်တန်းသို့ အရာထမ်း (၂၀) ဦး တက်ရောက်သင်ကြား လျက်ရှိပါသည်။