ကုန်သွယ်မှုနှင့်ဆက်စပ်သည့်စနစ်များအတွက် ကွန်ပျူတာ အသုံးပြုမှု အဆင့်မြင့်သင်တန်း အမှတ်စဉ်(၂/၂၀၂၁) ဖွင့်လှစ်

ကုန်သွယ်ရေးဦးစီးဌာနမှ နယ်စခန်းများသို့ အလှည့်ကျတာဝန်ထမ်းဆောင်မည့် ကွန်ပျူတာ ဝန်ထမ်းများအား ကုန်သွယ်ရေးစခန်းများ (နယ်စပ်)တွင် အသုံးပြုလျက်ရှိသည့် BTOS စနစ် အပါအဝင် ကုန်သွယ်မှုနှင့်ဆက်စပ်သည့် စနစ်များအား ကျွမ်းကျင်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်ပြီး ကုန်သွယ်မှုနှင့်ဆက်စပ်သည့် စနစ်များအတွက် ကွန်ပျူတာအသုံးပြုမှု အဆင့်မြင့်သင်တန်း အမှတ်စဉ်(၂/၂၀၂၁)ကို (၂၀-၁၂-၂၀၂၁) နေ့မှစ၍ မော်တော်ယာဉ်ဌာနစိတ်ဘေးရှိ Multimedia သင်တန်းခန်းမမှာ COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ စည်းကမ်းချက် များနှင့် အညီ ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။

 

သင်တန်းကာလကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ (၄)ရက် သတ်မှတ်ထား၍ တနင်္လာနေ့မှ ကြာသပတေးနေ့အထိ နေ့စဉ်နံနက် (၁၀:၀၀)နာရီမှ ညနေ(၁၆:၀၅) နာရီအထိ (၆)ချိန် ပို့ချသွားမည်ဖြစ်ပြီး ဌာနခွဲ အသီးသီးမှ သင်တန်းသား (၂၈)ဦး တက်ရောက်လျက် ရှိပါတယ်။ သင်တန်းမှာ ငွေစာရင်းဌာနခွဲ၊ သတင်းအချက်အလက်နည်းပညာဌာနခွဲ၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ၊ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ၊ ဌာနတွင်လုပ်ငန်းနှင့် စာရင်း စစ်ဆေးရေးဌာနခွဲတို့မှ သက်ဆိုင်ရာ ဘာသာရပ်များအား သင်ကြားပို့ချသွားမှာ ဖြစ်ကြောင်း သတင်း ရရှိပါသည်။

 

 

                                                                                      ကုန်သွယ်မှုပညာပေးရေးဌာနခွဲ